K pop

■ ‘Youth With You’ Season 3 မှာ Mentor အဖြစ် ပြန်လည်ပါဝင်မယ့် Lisa

— BLACKPINK အဖွဲ့ဝင် Lisa ဟာ iQIYI’s Idol Survival Program ဖြစ်တဲ့ ‘Youth With You’ Season 3 မှာ Mentor အဖြစ် ပြန်လည်ပါဝင်မယ်လို့ အတည်ပြုခဲ့ပြီဖြစ်ပါတယ်။

Lisa ဟာ ‘Youth With You’ Season 2 မှာ Female Trainee အဖြစ် ပြုလုပ်ပြီးနောက် တရုတ် ပရိသတ်တွေရဲ့ ချစ်ခြင်းကို များစွာရရှိခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင်သာမကဘဲ သူမရဲ့ စိတ်ရင်းစေတနာ အမှန်နဲ့ ဘက်မလိုက်ဘဲ သွန်သင်ညွှန်ပြပေးမှုတွေ၊ ဖျော်ဖြေမှုတွေဟာ ကမ္ဘာအနှံ့ Trend ဖြစ်ခဲ့သလို ပုံရိပ်ဟာလည်း တစ်ဆင့်မြင့်ခဲ့တာဖြစ်ပါတယ်။

အခုအခါမှာလည်း Lisa ဟာ Season 3 မှာ Mentor အဖြစ် Female Trainee အဖြစ် ပြန်လည်ပါဝင် ဦးမှာလို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။

iQIYI’s Idol Survival Program ဖြစ်တဲ့ ‘Youth With You’ Season 3 ကို 2021 ခုနှစ်မှာ ထုတ် လွှင့်မှာဖြစ်ပေမယ့် တိကျသေချာတဲ့ရက်ကိုတော့ ထုတ်ပြန်မှုမရှိသေးပါဘူး။ တောင်ကိုရီးယားမှာတော့ Lisa ဟာ Solo အနေနဲ့ Debut လုပ်ဖို့ စီစဉ်နေပြီး YG Entertainment ရဲ့ သတင်းထုတ်ပြန်မှုကို BLINK တွေက စောင့်မျှော်နေတာဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page