K pop

■ D.O. ကြောင့် မကြိုက်တဲ့အရသာကိုပါ သောက်ဖြစ်သွားတဲ့ Yoon Ji Sung

—- K-pop Artist တစ်ဦးဖြစ်သူ Yoon Ji Sung က D.O. ရဲ့ အရှိန်အဝါ ဘယ်လောက်အထိ ပြင်းထန်သလဲဆိုတာကို…

K-pop Artist တစ်ဦးဖြစ်သူ Yoon Ji Sung ဟာ စစ်တပ်အတွင်း EXO အဖွဲ့ဝင် D.O. နဲ့ သူနဲ့ အ ကြား ရယ်မောပျော်ရွှင်စရာအဖြစ်အပျက်တစ်ခုကို ဖောက်သည်ချခဲ့ပါတယ်။

မကြာသေးခင်က Yoon Ji Sung ဟာ YouTube Channel တစ်ခုနဲ့ အင်တာဗျူးပြုလုပ်ခဲ့ပါတယ်။ အဆိုပါအင်တာဗျူးမှာ Yoon Ji Sung ဟာ “ မင်းအနေနဲ့ Mint Chocolate အရသာကို မကြိုက်တုန်း ပဲလား” လို့ မေးခြင်းခံခဲ့ရပါတယ်။

အဲဒီမှာ Yoon Ji Sung က “ မင်းဆိုလိုတာ Mint Chocolate အရသာ Ice Cream ပြောတာမှတ် လား။ အိုး…တကယ်တော့ ကျွန်တော် စစ်မှုတာဝန်ထမ်းဆောင်စဉ် စစ်တပ် Musical မှာ ဖျော်ဖြေ ပြီးနောက် D.O. ဟာ အဲဒီအရသာ ကျွန်တော့်ကို တိုက်ခဲ့ဖူးပါတယ်။ အစက ကျွန်တော်ဟာ အဲဒီ အရသာမှန်းမသိပါဘူး။ ဒီအတိုင်းပဲ သောက်လိုက်ပါတယ်။ နောက်တော့မှ အဲဒီအရသာမှန်းသိ လိုက်ပါတယ်။ အဲဒီမှာ ကျွန်တော်က D.O.ကိုမေးလိုက်ပါတယ်။ ဒါ Mint Chocolate အရသာလား ပေါ့။ D.O.က ‘ အိုး…မင်း Mint Chocolate အရသာကို မကြိုက်ဘူးလား’ လို့ ပြန်ပြောခဲ့ပါတယ်။

ကျွန်တော် အဲ့ဒီတုန်းက မကြိုက်တဲ့ အရသာကိုတောင် သောက်ခဲ့ပါတယ်။ ကျွန်တော် အတွက် အခြား ရွေးချယ်မှုတွေရှိခဲ့ရင် Mint Chocolate အရသာနဲ့ပတ်သက်တဲ့အရာတွေကို သုံးဆောင်လိမ့်မယ်လို့ မထင်တော့ပါဘူး” လို့ ပြောခဲ့ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page