K pop

■ BLACKPINK, IZ*ONE နဲ့ TWICE အဖွဲ့တွေ ပူးပေါင်း စံချိန်တစ်ခု ရေးထိုး

— – – ဒါက K-Pop အမျိုးသမီးအဖွဲ့တွေရဲ့ ပါဝါအားကောင်းလာတယ်ဆိုတာကို ပြသလိုက်တာပါပဲ။

၂၀၂၀ ခုနှစ်မှာ လက်ရှိ K-Pop ရဲ့ နာမည်ကျော် အမျိုးသမီးအဖွဲ့တွေဖြစ်တဲ့ BLACKPINK, IZ*ONE နဲ့ TWICE တို့ဟာ လှပတဲ့ ပူးပေါင်းစံချိန်တစ်ခုကို ရေးထိုးနိုင်ခဲ့ပါတယ်။ K-Pop ရဲ့ Album Sales တွေမှာ အမျိုးသမီးအဖွဲ့တွေအနေနဲ့ အမျိုးသားအဖွဲ့နဲ့ ကွာဟလေ့ရှိပေမဲ့ ဒီနှစ်မှာတော့ သူတို့ဟာ …

BLACKPINK အဖွဲ့ရဲ့ ပထမဆုံး Full Album ဖြစ်တဲ့ The Album ဟာ (၁)သန်းကျော်ရောင်းချခဲ့ရပြီး K-Pop အမျိုးသမီးအဖွဲ့သမိုင်းမှာ စံချိန်တင်ဖြစ်ခဲ့သလို၊ အဲဒီပမာဏကို ရောက်တဲ့ ပထမဆုံး K-Pop အမျိုးသမီးအဖွဲ့စံချိန်လည်းဖြစ်ခဲ့ပါတယ်။ ၂၀၂၀ မှာ BLACKPINK ဟာ Full Album နဲ့ How you like that Single Album တို့ကို ထုတ်ဝေခဲ့ပြီး အချပ်ရေ(1,725,000) အထိ ရောင်းချခဲ့ရပါတယ်။

IZ*ONE အဖွဲ့ကတော့ ၂၀၂၀ မှာ BLOOM*IZ၊ Oneiric Diary နဲ့ One-Reeler စတဲ့ Album (၃)ချပ် ထုတ်ဝေခဲ့ပြီး အချပ်ရေ (1,545,00)အထိ ရောင်းချခဲ့ရတာပါ။

TWICE ကတော့ More & More နဲ့ Eyes Wide Open စတဲ့ Album (၂)ချပ် ထုတ်ဝေခဲ့ပြီး အချပ်ရေ (1,300,000)ကျော် ရောင်းချခဲ့ရပါတယ်။ ဒါကြောင့် ၂၀၂၀ အတွင်းမှာ Album အချပ်ရေ (၁)သန်းကျော် ရောင်းရတဲ့ အမျိုးသမီးအဖွဲ့ (၃)ဖွဲ့အထိ ရှိခဲ့ပြီး K-Pop မှာ စံချိန်တင်ခဲ့ပါတယ်။

— ဃဲ
Ref: Koreaboo

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page