K pop

■ GOT7 အပေါ် JYP Entertainment ဘာတွေ ညစ်ပတ်ခဲ့သလဲ ?

— – – သူတို့ကို စင်တင်ပေးခဲ့တဲ့ အေဂျင်စီနဲ့လမ်းခွဲဖို့ ဆုံးဖြတ်ရလောက်အောင် JYP Entertainment ဘာတွေ လုပ်ခဲ့သလဲ … မြင်သာတဲ့အချက်တွေကတော့ …

၁- တရားဥပဒေအရ ကာကွယ်မှုအားနည်းခြင်း


၂၀၂၀ မှာ GOT7 အဖွဲ့ဝင် Youngjae ဟာ ကောလာဟလတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပရိသတ်တွေက ကာကွယ်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ JYP Entertainment က အဖတ်တောင် မလုပ်ခဲ့လို့ သူတို့ပရိသတ်တွေ ဝမ်းနည်းခဲ့ရပါတယ်။

၂-ပရိုမိုးရှင်းမရှိဘဲ GOT7 ပစ္စည်းများကို ရောင်းချခြင်း


K-Pop ပစ္စည်းတွေက ပရိုမိုးရှင်းနဲ့အတူ ရောင်းချတာ များပါတယ်။ ဥပမာ Album သစ်ထုတ်တဲ့အခါ ပရိုမိုးရှင်းတွေ လုပ်ရင်း ရောင်းတာမျိုးပေါ့။ ဒါပေမဲ့ JYP Entertainment ကတော့ ၂၀၂၀ အတွင်းမှာ GOT7 ပစ္စည်းတွေကို အဖွဲ့လှုပ်ရှားမှု ဘာမှ မရှိချိန်မှာ ရောင်းခဲ့တာ (၃)ကြိမ်မကဘူးလို့ ဆိုပါတယ်။

၃- GOT7 အဖွဲ့ဝင်တွေရဲ့ အမြင်ကို အဖတ်မလုပ်ခြင်း


GOT7 အဖွဲ့ဝင်တွေဟာ Album စလို့ Variety Show တွေအထိ လှုပ်ရှားမှုတွေ ပြုလုပ်ရာမှာ အေဂျင်စီကို သူတို့ လုပ်ချင်တာတွေ တင်ပြခဲ့ပေမဲ့ ခေါင်းစီးသီချင်း ရွေးတာအစ အေဂျင်စီက စိတ်ကြိုက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် GOT7 ကို live streams လုပ်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ အေဂျင်စီက ပရိသတ်တွေရဲ့ တောင်းဆိုမှုကို အဖတ်မလုပ်ခဲ့ပါဘူး။

၄- ပရိုမိုးရှင်းကာလတိုခြင်း၊ လုံးဝမရှိခြင်း


GOT7 အဖွဲ့ဟာ (၇)လအကြာမှာ Full Album နဲ့ Comeback လုပ်ခဲ့ပေမဲ့ ပရိုမိုးရှင်း လုပ်ချိန် တစ်ပတ်သာ ရခဲ့သလို၊ Music Show တွေမှာလည်း တစ်ခုမှာ တစ်ကြိမ်စီသာ ဖျော်ဖြေခွင့်ရခဲ့ပါတယ်။ ဒီထက်ပိုဆိုးတာက Comeback Showcase မရှိခဲ့တာနဲ့ music video teaser တောင် လုပ်ပေးခဲ့ခြင်းမရှိတာပါ။ ပြီးတော့ အေဂျင်စီက သူတို့ရဲ့ လူမှုကွန်ရက်တွေမှာ GOT7 အဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို ဖော်ပြခြင်း မရှိခဲ့တာပါပဲ။

၅- နံနက် (၂)နာရီမှာ Live stream လုပ်ခြင်း


ပရိသတ်တွေ ဆန္ဒပြမှုတွေ ရှိလာတာအခါမှာတော့ JYP က GOT7 အဖွဲ့ကို Live stream လုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က တအားအိပ်လို့ကောင်းတဲ့ နံနက် (၂)နာရီ ဖြစ်ပြီး အဖွဲ့လိုက်ရော၊ တစ်ဦးချင်းစီပါ အောင်မြင်နေတဲ့ GOT7 အဖွဲ့အပေါ် JYP Entertainment က အဲဒီလိုလုပ်ခဲ့တာတွေဟာ အရမ်းလွန်တယ်လို့ ကိုရီးယားတွေက လူမှုကွန်ရက်တွေမှာ ရေးသားခဲ့ကြပါတယ်။

— ဃဲ
Source: pann

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page