— BTS အဖွဲ့ရဲ့ အသက်ကြီးဆုံးနဲ့ Worldwide Handsome ကြီး Jin က သူ့ကို Big Hit Entertainment က ဘယ်လို ကင်းထောက်လုပ်ခဲ့သလဲဆိုတာကို Esquire မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
Jin က “ တစ်နေ့ ကျွန်တော် ကျောင်းကို သွားတဲ့ လမ်းမထက်မှာ ရောက်နေတဲ့အချိန် ရုတ်တရက် လူတစ်ဦးဟာ ကျွန်တော့်ဆီ ချဉ်းကပ်လာခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
Jin ဆီ ချဉ်းကပ်ခဲ့တဲ့ အဆိုပါလူတစ်ဦးဟာ Big Hit Entertainment ရဲ့ ကင်းထောက်တစ်ဦးဖြစ်ပြီး အေဂျင်စီနဲ့ ဆွေးနွေးဖို့ Jin ကို မိတ်ဆက်ခဲ့သူဖြစ်ပါတယ်။
Jin က ထပ်ပြီးတော့ “ သူဟာ ကျွန်တော့်ဆီ ချဉ်းကပ်ခဲ့ပြီး ‘ ဝိုး… မင်းလို တစ်စုံတစ်ယောက်ကိုတွေ့ ဖူးတာ ငါ ပထမဆုံးပဲ’လို့လည်း ပြောခဲ့ပါတယ်” လို့ ဆိုခဲ့ပါတယ်။ နောက်တော့ Jin နဲ့ ကင်းထောက်တို့ ဆွေးနွေးခဲ့ကြပြီး Jin ဟာ Bit Hit ရဲ့ Trainee တစ်ယောက်ဖြစ်ခဲ့တာဖြစ်ပါတယ်။
ARMY တွေ အားလုံးလည်းသိတဲ့အတိုင်း Jin ရဲ့ နာမည်ပြောင်က Worldwide Handsome ဖြစ်ပြီး သူ့ရဲ့ ရုပ်ရည်ကြောင့်ပဲ ဒီနေ့ တစ်ကမ္ဘာလုံးက ARMY တွေရဲ့အချစ်တော်ဖြစ်နေတာဖြစ်ပါတယ်။
-m2t
Ref: SBSstar