K pop

■ BTS ရဲ့သီချင်းသစ်ကို ရေးနေပြီလို့ Dynamite တေးရေး အလင်းပြ

-UNICODE

– – – BTS အနေနဲ့ နောက်ထပ် Dynamite တစ်ပုဒ်ကို ပိုင်ဆိုင်ဦးမလားဆိုတော့….

BTS အဖွဲ့ဟာ ဒီဘက်နှစ်နောက်ပိုင်းမှာ အမြင့်ဆုံး အောင်မြင်မှုတွေ၊ ထူးခြားလွန်းတဲ့ သမိုင်းမှတ်တိုင်တွေကို စိုက်ထူလာနိုင်ခဲ့တာ တွေ့ရပါတယ်။

အဲဒီအထဲကမှ Dynamite သီချင်းကလည်း BTS ရဲ့ သမိုင်းဝင် မှတ်တိုင်တစ်ခုဖြစ်ခဲ့တာပါ။ ဒီသီချင်းနဲ့အတူ BTS ဟာ Billboard မှာ နံပါတ်တစ်အဖြစ် ရပ်တည်ခဲ့တာပါ။ ဒီသီချင်းကို ဗြိတိန်တေးရေးဆရာ David Stewart ကရေးသားခဲ့တာပါ။

Rolling Stone နဲ့ အင်တာဗျူးမှာတော့ David Stewartက Dynamite သီချင်းကို ဖန်တီးဖြစ်ပုံနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။ တကယ်တော့ Dynamite ဟာ စတူဒီယိုအကောင်းစားတွေမှာ ဖန်တီးခဲ့တဲ့ သီချင်းမဟုတ်ဘဲ အိပ်ယာထက်က စတင်လာတဲ့သီချင်းလို့ David Stewart က ဖွင့်ဟခဲ့ပါတယ်။

မိဘအိမ်က သူ့ရဲ့အိပ်ယာထက်မှာ စတင်ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း၊ Dynamite သီချင်းကို (၁၂) နှစ်ကြာ ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း David Stewart က ဖွင့်ဟခဲ့ပါတယ်။ နောက်ထပ် တေးရေးဆရာ Jessica Agombar ကလည်း BTS အတွက် Dynamite ကို အနည်းငယ် ပြောင်းလဲခဲ့ရပြီး အခုတော့ Dynamite ဟာ BTS ရဲ့ Dynamite ဖြစ်နေပြီလို့ ဆိုခဲ့ပါတယ်။

ဇန်နဝါရီ (၇) ရက်နေ့မှာတော့ Dynamite ကို အဓိက ဖန်တီးခဲ့တဲ့ တေးရေး David Stewart က ARMY တွေ စိတ်လှုပ်ရှားစေမဲ့ သတင်းတစ်ပုဒ်ကို မျှဝေခဲ့ပါတယ်။ ဒါကတော့ သူ့အနေနဲ့ BTS အတွက် နောက်ထပ်သီချင်းတစ်ပုဒ် ရေးသားနေပြီလို့ လူမှုကွန်ရက်ကနေ အသိပေးခဲ့တာပါ။

“BTS အတွက် သီချင်းတစ်ပုဒ်စရေးနေပါပြီ။ ဒါက သိပ်ကောင်းတဲ့ သီချင်းဖြစ်လိမ့်မယ်”လို့ David Stewart က Twitter မှာ ရေးသားခဲ့တာပါ။ BTS နဲ့ David Stewart တို့ရဲ့ နောက်ထပ် ပူးပေါင်းမှုနဲ့ ပတ်သက်ပြီး ARMY တွေကတော့ ရင်ခုန်နေကြပါပြီ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

-ZAWGYI

■ BTS ရဲ႕သီခ်င္းသစ္ကို ေရးေနၿပီလို႔ Dynamite ေတးေရး အလင္းျပ

– – – BTS အေနနဲ႔ ေနာက္ထပ္ Dynamite တစ္ပုဒ္ကို ပိုင္ဆိုင္ဦးမလားဆိုေတာ့….

BTS အဖြဲ႕ဟာ ဒီဘက္ႏွစ္ေနာက္ပိုင္းမွာ အျမင့္ဆုံး ေအာင္ျမင္မႈေတြ၊ ထူးျခားလြန္းတဲ့ သမိုင္းမွတ္တိုင္ေတြကို စိုက္ထူလာႏိုင္ခဲ့တာ ေတြ႕ရပါတယ္။

အဲဒီအထဲကမွ Dynamite သီခ်င္းကလည္း BTS ရဲ႕ သမိုင္းဝင္ မွတ္တိုင္တစ္ခုျဖစ္ခဲ့တာပါ။ ဒီသီခ်င္းနဲ႔အတူ BTS ဟာ Billboard မွာ နံပါတ္တစ္အျဖစ္ ရပ္တည္ခဲ့တာပါ။ ဒီသီခ်င္းကို ၿဗိတိန္ေတးေရးဆရာ David Stewart ကေရးသားခဲ့တာပါ။

Rolling Stone နဲ႔ အင္တာဗ်ဴးမွာေတာ့ David Stewartက Dynamite သီခ်င္းကို ဖန္တီးျဖစ္ပုံနဲ႔ ပတ္သက္ၿပီး ရွင္းျပခဲ့ပါတယ္။ တကယ္ေတာ့ Dynamite ဟာ စတူဒီယိုအေကာင္းစားေတြမွာ ဖန္တီးခဲ့တဲ့ သီခ်င္းမဟုတ္ဘဲ အိပ္ယာထက္က စတင္လာတဲ့သီခ်င္းလို႔ David Stewart က ဖြင့္ဟခဲ့ပါတယ္။

မိဘအိမ္က သူ႔ရဲ႕အိပ္ယာထက္မွာ စတင္ဖန္တီးခဲ့ျခင္းျဖစ္ေၾကာင္း၊ Dynamite သီခ်င္းကို (၁၂) ႏွစ္ၾကာ ဖန္တီးခဲ့ျခင္းျဖစ္ေၾကာင္း David Stewart က ဖြင့္ဟခဲ့ပါတယ္။ ေနာက္ထပ္ ေတးေရးဆရာ Jessica Agombar ကလည္း BTS အတြက္ Dynamite ကို အနည္းငယ္ ေျပာင္းလဲခဲ့ရၿပီး အခုေတာ့ Dynamite ဟာ BTS ရဲ႕ Dynamite ျဖစ္ေနၿပီလို႔ ဆိုခဲ့ပါတယ္။

ဇန္နဝါရီ (၇) ရက္ေန႔မွာေတာ့ Dynamite ကို အဓိက ဖန္တီးခဲ့တဲ့ ေတးေရး David Stewart က ARMY ေတြ စိတ္လႈပ္ရွားေစမဲ့ သတင္းတစ္ပုဒ္ကို မွ်ေဝခဲ့ပါတယ္။ ဒါကေတာ့ သူ႔အေနနဲ႔ BTS အတြက္ ေနာက္ထပ္သီခ်င္းတစ္ပုဒ္ ေရးသားေနၿပီလို႔ လူမႈကြန္ရက္ကေန အသိေပးခဲ့တာပါ။

“BTS အတြက္ သီခ်င္းတစ္ပုဒ္စေရးေနပါၿပီ။ ဒါက သိပ္ေကာင္းတဲ့ သီခ်င္းျဖစ္လိမ့္မယ္”လို႔ David Stewart က Twitter မွာ ေရးသားခဲ့တာပါ။ BTS နဲ႔ David Stewart တို႔ရဲ႕ ေနာက္ထပ္ ပူးေပါင္းမႈနဲ႔ ပတ္သက္ၿပီး ARMY ေတြကေတာ့ ရင္ခုန္ေနၾကပါၿပီ။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။ *

You cannot copy content of this page