K pop
■ မန်နေဂျာသာ မရှိရင် BLACKPINK အဖွဲ့ဝင်တွေ တစ်နေ့တာ လုပ်ချင်ကြတဲ့အရာများ
-UNICODE
– – – မန်နေဂျာသာ မရှိဘူးဆိုရင် BLACKPINK အဖွဲ့ဝင်တွေက ဒါတွေကို လုပ်ချင်ကြပါသတဲ့။
K-pop နယ်ပယ်မှာတော့ အဖွဲ့ဝင်တွေကို မန်နေဂျာတွေက ထိန်းချုပ်ထားလေ့ရှိပါတယ်။
အဖွဲ့ဝင်တွေက ဘယ်သွားသွား၊ ဘာစားစား မန်နေဂျာတွေရဲ့ ကိုင်တွယ်မှုအောက်ကပဲ ပြုလုပ်လေ့ရှိပါတယ်။ ဒါကြောင့် MBC FM4U ရေဒီယို အစီအစဉ်မှာတော့ မန်နေဂျာသာ မရှိဘဲ လွတ်လပ်သွားခဲ့ရင် BLACKPINK အဖွဲ့ဝင်တွေက တစ်နေ့တာမှာ သူမတို့ လုပ်ချင်ကြတဲ့အရာတွေကို ဖွင့်ဟခဲ့ပါတယ်။
Rosé
Rose’ ကတော့ ပန်းခြံကိုသွားပြီး တစ်နေ့လုံး ရိုလာကိုစတာစီးနေမိမှာလို့ ဖွင့်ဟခဲ့ပါတယ်။ တကယ်လို့ အဲဒီပန်းခြံမှာ မင်းသား Gong Yoo ကိုမြင်ရင် ဘာလုပ်မိမလဲလို့ အမေးခံခဲ့ရမှာတော့ ငေးကြည့်နေမိမှာလို့ Rose’ က ဆိုခဲ့ပါတယ်။
Jennie
Jennie ကတော့ ငယ်ဘဝကြီးပျင်းခဲ့ရာ နယူးဇီလန်ကို သွားချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ သူငယ်ငယ်တုန်းက ပေါင်းသင်းခင်မင်ခဲ့တဲ့ သူငယ်ချင်းတွေ ရှိသေးလားဆိုတာ သွားကြည့်ချင်လို့ပါသတဲ့။
Lisa
Lisa ရဲ့ဆန္ဒကလည်း Jennie နဲ့ဆင်တူပါတယ်။ Lisa ဟာ နိုင်ငံခြားခရီးထွက်တာ၊ အထူးသဖြင့် ဥရောပကို သွားလည်ချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
Jisoo
Jisoo ရဲ့အဖြေကတော့ ကျန်အဖွဲ့ဝင်တွေနဲ့မတူဘဲ နည်းနည်းထူးခြားပါတယ်။ သူမက တစ်နေကုန် အိမ်ထဲမှာပဲနေပြီး ဂိမ်းချည်းပဲ ဆော့ချင်တာပါသတဲ့။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Rosé
Jennie
Lisa
Jisoo
Ref: Koreaboo
You cannot copy content of this page