K pop

■ Idol တောင် လုပ်လို့ရတဲ့အထိ ဆွဲဆောင်မှုအရှိဆုံး K-pop Idol တွေရဲ့ Back-up Dancer (၅) ဦး

– — သူတို့ရဲ့ ပုံစံတောင် အလွန်ဆွဲဆောင်မှုရှိလွန်းပြီး Idol တောင်လုပ်လို့ရတယ်လို့ သတ်မှတ်ခံထားရပါတယ်။

K-pop နယ်ပယ်မှာ Back-up Dancer တွေကလည်း အရေးပါလှတာ တွေ့ရပါတယ်။

ENHYPEN အဖွဲ့ဝင် Ni-Ki, aespa အဖွဲ့ဝင် Karina တို့လို Back-up Dancer ကနေ K-pop Idol ဖြစ်လာကြသူတွေလည်း ရှိပါတယ်။ ဒါကြောင့် လက်ရှိမှာ နာမည်ကျော်ကြားနေတဲ့၊ ဆွဲဆောင်မှုအရှိဆုံး Back-up Dancer တွေကို ဖော်ပြပေးလိုက်ရပါတယ်။

Kai Back-up Dancer

EXO အဖွဲ့ဝင် Kai ရဲ့ Back-up Dancer ကတော့ Kai ရဲ့ တစ်ကိုယ်တော်ပွဲထွက်သီချင်း Mmmh နဲ့အတူ နာမည်ကျော်ခဲ့ပါသေးတယ်။ သူမဟာ Visual ဖြစ်လွန်းပြီး Kai နဲ့လည်း လိုက်ဖက်ညီစွာ ကနိုင်တာ တွေ့ရပါတယ်။ ဒါကြောင့် သူမဟာ တဖြည်းဖြည်းနဲ့ နာမည်ကျော်ကြားလာနေပြီး Instagram မှာ Follower တွေ တိုးလာနေပါတယ်။

Red Velvet Back-up Dancer

Red Velvet ရဲ့ Back-up Dancer Yu Seul Ki ကလည်း အဖွဲ့ဝင်တွေနဲ့ ရင်းနှီးတာ တွေ့ရပါတယ်။ သူမဟာ အလွန်ဆွဲဆောင်မှုရှိပြီး Red Velvet အဖွဲ့ဝင်တွေနဲ့လည်း လိုက်ဖက်ညီပါတယ်။ သူမဟာ Red Velvet အပြင် Jessi နဲ့ Hyolyn တို့နဲ့လည်း တွဲဖက် အလုပ်လုပ်ဖူးပါတယ်။

Baekhyun’s backup dancer

Baekhyun ရဲ့ Back-up Dancer ဖြစ်တဲ့ Kim Ji Hyang ကလည်း အလွန်နာမည်ကျော်ကြားသူဖြစ်ပြီး ကိုယ်ပိုင် Fan Site တောင် ရှိသူပါ။ Bacekhyun ရဲ့ Candy MV မှာလည်း ပါဝင်ခဲ့သူဖြစ်ပြီး တခြား နာမည်ကျော် K-pop အဖွဲ့တွေနဲ့လည်း တွဲဖက် အလုပ်လုပ်ကိုင်သူပါ။ သူမဟာ Visual ဖြစ်လွန်းလှသူလည်း ဖြစ်ပါတယ်။

Sunmi’s backup dancer

Sunmi ရဲ့ Back-up Dancer Cha Hyun Seung ကတော့ ပြောစရာမလိုလောက်အောင် ပရိသတ်တွေလည်း သိရှိပြီးသားပါ။ သူရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံ။ ဆွဲဆောင်မှု ရှိလွန်းတဲ့ ပုံစံတွေက ပရိသတ်ကို ဖမ်းစားနိုင်ခဲ့တာပါ။ Cha Hyun Seung က အဆိုတော်ဖြစ်ဖို့ အိပ်မက်မက်ခဲ့ပေမဲ့ ကရတာကို နှစ်သက်လာတဲ့အတွက် Back-up Dancer အဖြစ်သာ လျှောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

ATEEZ’s backup dancer

ATEEZ အဖွဲ့ရဲ့ Back-up Dancer Eugene Kim ကလည်း ပရိသတ်တွေကြား နာမည်ကျော်ကြားသူပါ။ သူရဲ့ ခပ်ထေ့ထေ့ပုံစံကို ပရိသတ်တွေက ကြွေနေကြတာဖြစ်ပြီး DAWN, Wanna One, Block B, X1 တို့နဲ့လည်း တွဲဖက် လုပ်ကိုင်ခဲ့သူပါ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page