K pop

■ နောက်တစ်ကြိမ်ပြန်ပြီး မွေးဖွားလာမယ်ဆိုရင် BLACKPINK အဖွဲ့ဝင်တွေ ဘာဖြစ်ချင်ကြသလဲ

– – – လက်ရှိဖြစ်တည်မှုကိုပဲ ကြိုက်နှစ်သက်ကြသူတွေ ရှိသလို ထူးထူးဆန်းဆန်းအရာတွေ ဖြစ်စေချင်ကြတဲ့ အဖွဲ့ဝင်တွေလည်း…..

BLACKPINK ဟာ လက်ရှိအချိန်မှာတော့ ကမ္ဘာ့အနှံ့အောင်မြင်မှုကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း တစ်ခါတလေ လူတွေမှာ လက်ရှိဖြစ်တည်မှုနဲ့ တခြားဖြစ်စေချင်တာတွေ ရှိတတ်ကြပါတယ်။ Star Road အစီအစဉ်မှာ ပါဝင်ခဲ့ရာမှာတော့ BLACKPINK အဖွဲ့ဝင်တွေက နောက်တစ်ကြိမ် ပြန်ပြီး မွေးဖွားလာမယ်ဆိုရင် ဘာဖြစ်ချင်ကြသလဲဆိုတာ ဖွင့်ဟခဲ့ပါတယ်။

Lisa

Lisa ကတော့ လက်ရှိသူမဘဝရဲ့ ဖြစ်တည်မှုကိုပဲ သဘောကျတယ်လို့ဆိုခဲ့ပါတယ်။ နောက်တစ်ကြိမ်ပြန်မွေးလာရင်လည်း Lisa က လက်ရှိဘဝကိုပဲ လိုချင်တာပါ။

Rosé

Rosé ရဲ့ စိတ်ကူးကတော့ ထူးခြားပါတယ်။ နောက်တစ်ကြိမ် ပြန်မွေးလာခဲ့ရင် Rosé က လင်းပိုင်လေး ဖြစ်ချင်တာပါ။ လင်းပိုင်လေးတွေကို ကြည့်ရတာ ပျော်စရာကောင်းတယ်လို့ Rosé က ဆိုခဲ့ပါတယ်။

Jisoo

Jisoo ရဲ့ဖြစ်ချင်မှုကလည်း ထူးခြားပါတယ်။ Jisoo က Dust ဖြစ်ချင်တယ်လို့ ထူးထူးဆန်းဆန်း ဖွင့်ဟခဲ့တာပါပဲ။ ဘာကြောင့်လဲဆိုတာတော့ Jisoo က ရှင်းမပြသွားပေမဲ့ သူမရဲ့ အပြုံးတွေနောက်ကွယ်မှာ တွေးထားတာ တစ်ခုခုတော့ ရှိမှာပါ။

Jennie

Jennie ကလည်း Lisa လိုပါပဲ။ လက်ရှိသူမရဲ့ဖြစ်တည်မှုကိုပဲ လိုချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page