K pop

■ ပရိသတ်တွေကြား ရေပန်းစားနေတဲ့ Cha Eunwoo နဲ့ Moon တို့ရဲ့ ရိုမန့်တစ်ဆန်လွန်းတဲ့ Kiss Scene

-UNICODE

– – -ဒီဇာတ်ဝင်ခန်းဟာ တကယ့်ကို ရိုမန့်တစ်ဆန်လွန်းပြီး အသည်းတယားယားနဲ့….

True Beauty ဇာတ်လမ်းတွဲကလည်း ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။

ဒီဇာတ်လမ်းတွဲမှာ Cha Eunwoo နဲ့ Moo Gayoung တို့က အဓိကသရုပ်ဆောင်တွေအပြင် ပါဝင်ထားတာ ဖြစ်ပါတယ်။ ဇန်နဝါရီ (၇) ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အပိုင်း (၈) ကတော့ ပရိသတ်တွေကြား ရေပန်းစားခဲ့တာ တွေ့ရပါတယ်။

အဲဒီအပိုင်းမှာ Cha Eunwoo နဲ့ Moo Gayoung တို့ရဲ့ မမျှော်လင့်ထားတဲ့ ပထမအနမ်းဇာတ်ဝင်ခန်းကို တွေ့မြင်ခဲ့ရတာပါ။ Lim Jookyung (Moo Gayoung)ဟာ သူမရဲ့မျက်နှာကြောင့် အတန်းဖော်တွေရဲ့အဝေးကို ထွက်ပြေးလာခဲ့ရာမှာတော့ Lee Suho (Cha Eunwoo)နဲ့ တွေ့ခဲ့ပါတယ်။

အဲဒီမှာ Lee Suho က သူ့အနေနဲ့ Kang Soojin ကို မကြိုက်ကြောင်း နားလည်မှုလွဲနေတာကို ရှင်းပြခဲ့ပါတယ်။ “ငါ Kang Soojin ကို မကြိုက်ဘူး။ ငါကြိုက်တာ နင်တစ်ယောက်တည်း”လို့ Lee Suho က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် Lee Suho က ညင်ညင်သာသာနမ်းခဲ့ပြီး အဲဒီဇာတ်ဝင်ခန်းက တကယ့်ကို ကြည်နူးစရာကောင်းခဲ့တာ တွေ့ရပါတယ်။ ဒီဇာတ်ဝင်ခန်းကိုကြည့်ပြီး ပရိသတ်တွေက “Lee Suho က တကယ့်ကို gentleman ဆန်တာပဲ” “Lee Suho က သူ့ရဲ့ခံစားချက်ကို ဝန်ခံတဲ့အချိန်မှာ ငါနှလုံးသား အရမ်းခုန်တာပဲ”စသဖြင့် မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

-ZAWGYI

■ ပရိသတ္ေတြၾကား ေရပန္းစားေနတဲ့ Cha Eunwoo နဲ႔ Moon တုိ႔ရဲ႕ ရိုမန္႔တစ္ဆန္လြန္းတဲ့ Kiss Scene

– – -ဒီဇာတ္ဝင္ခန္းဟာ တကယ့္ကို ႐ိုမန႔္တစ္ဆန္လြန္းၿပီး အသည္းတယားယားနဲ႔….

True Beauty ဇာတ္လမ္းတြဲကလည္း ပရိသတ္ေတြၾကား ေရပန္းစားေနတဲ့ ဇာတ္လမ္းတြဲတစ္ခုပါ။

ဒီဇာတ္လမ္းတြဲမွာ Cha Eunwoo နဲ႔ Moo Gayoung တို႔က အဓိကသ႐ုပ္ေဆာင္ေတြအျပင္ ပါဝင္ထားတာ ျဖစ္ပါတယ္။ ဇန္နဝါရီ (၇) ရက္ေန႔က ထုတ္လႊင့္ခဲ့တဲ့ အပိုင္း (၈) ကေတာ့ ပရိသတ္ေတြၾကား ေရပန္းစားခဲ့တာ ေတြ႕ရပါတယ္။

အဲဒီအပိုင္းမွာ Cha Eunwoo နဲ႔ Moo Gayoung တို႔ရဲ႕ မေမွ်ာ္လင့္ထားတဲ့ ပထမအနမ္းဇာတ္ဝင္ခန္းကို ေတြ႕ျမင္ခဲ့ရတာပါ။ Lim Jookyung (Moo Gayoung)ဟာ သူမရဲ႕မ်က္ႏွာေၾကာင့္ အတန္းေဖာ္ေတြရဲ႕အေဝးကို ထြက္ေျပးလာခဲ့ရာမွာေတာ့ Lee Suho (Cha Eunwoo)နဲ႔ ေတြ႕ခဲ့ပါတယ္။

အဲဒီမွာ Lee Suho က သူ႔အေနနဲ႔ Kang Soojin ကို မႀကိဳက္ေၾကာင္း နားလည္မႈလြဲေနတာကို ရွင္းျပခဲ့ပါတယ္။ “ငါ Kang Soojin ကို မႀကိဳက္ဘူး။ ငါႀကိဳက္တာ နင္တစ္ေယာက္တည္း”လို႔ Lee Suho က ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္ Lee Suho က ညင္ညင္သာသာနမ္းခဲ့ၿပီး အဲဒီဇာတ္ဝင္ခန္းက တကယ့္ကို ၾကည္ႏူးစရာေကာင္းခဲ့တာ ေတြ႕ရပါတယ္။ ဒီဇာတ္ဝင္ခန္းကိုၾကည့္ၿပီး ပရိသတ္ေတြက “Lee Suho က တကယ့္ကို gentleman ဆန္တာပဲ” “Lee Suho က သူ႔ရဲ႕ခံစားခ်က္ကို ဝန္ခံတဲ့အခ်ိန္မွာ ငါႏွလုံးသား အရမ္းခုန္တာပဲ”စသျဖင့္ မွတ္ခ်က္ေတြ ေရးသားခဲ့ၾကပါတယ္။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။ *

You cannot copy content of this page