K pop

■ 2021 ဇန်နဝါရီလ Boy Group Brand Reputation Rankings ရဲ့ ထိပ်ဆုံးမှာ ဘယ်သူတွေလဲ

—- 2021 ခုနှစ်ရဲ့ ပထမဆုံးလ ဖြစ်တဲ့ ဇန်နဝါရီလရဲ့ Boy Group Brand Reputation Rankings ရဲ့ ထိပ်ဆုံး1# — ၊ 2# — ၊ 3# — ၊ 4# — တို့မှာ ဘယ်အဖွဲ့တွေဦးဆောင် သွားခဲ့လဲလို့ ထင်ပါသလဲ…

လစဉ်ထုတ်ပြန်နေကြဖြစ်တဲ့ 2021 ခုနှစ် ဇန်နဝါရီလအတွက် Boy Group Brand Reputation Rankings (30) စာရင်းကို Korean Business Research Institute ထုတ်ပြန်ခဲ့ပြီဖြစ်ပါတယ်။

Korean Business Research Institute ဟာ 2020 ခုနှစ် ဒီဇင်ဘာလ 9 ရက်နေ့ကနေ 2021 ခုနှစ် ဇန်နဝါရီလ 9 ရက်နေ့အထိ K-Pop Boy Groups တွေရဲ့ ကြော်ငြာရိုက်ရမှုတွေ၊ မီဒီယာပေါ်မှာ ပရိသတ်တွေကို လွှမ်း မိုးနိုင်မှု၊ ကျော်ကြား မှုတွေ စတဲ့ အချက်အလက်တွေကို တွက်ချက်ကာ တစ်လအတွင်း လူ ကြိုက်အ များဆုံး ဒီစာရင်းကို ထုတ်ပြန်တာလည်းဖြစ်ပါတယ်။

ဇန်နဝါရီလအတွက် Boy Group Brand Reputation Rankings စာရင်းရဲ့ ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ အဖွဲ့ကတော့ BTS အဖွဲ့ပဲဖြစ်ပြီး Brand Reputation Index (18,656,046) ရရှိခဲ့ပါတယ်။ BTS အနေနဲ့ အခုလို K-Pop Boy Groups စာရင်းရဲ့ ထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့တာဟာ 32 လ ဆက်တိုက် ဖြစ်ခဲ့ပြီဖြစ်ပါတယ်။

BTS ရဲ့နောက် နံပါတ် (2)မှာတော့ (4)လဆက်တိုက်ရပ်တည်ခဲ့တဲ့ NCT အဖွဲ့ပဲဖြစ်ပြီး Brand Reputation Index (5,115,736) ရရှိခဲ့သလို နံပါတ်(3)မှာ SEVENTEEN အဖွဲ့ကလည်း က သူ့နေရာကို ထိန်းသိမ်းနိုင်ခဲ့ပြီး Brand Reputation Index (4,613,058) ပြီးခဲ့တဲ့အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလကလည်း BTS ၊ NCT နဲ့ SEVENTEEN တို့ပဲ ထိပ်ဆုံးမှာရပ်တည်ခဲ့တာပါ။

ဇန်နဝါရီလအတွက် Boy Group Brand Reputation Rankings (30) စာရင်းကို ဖော်ပြရရင် . . .

1# BTS ၊ 2# NCT ၊ 3# SEVENTEEN ၊ 4# EXO ၊ 5# The Boyz ၊ 6# GOT7 ၊ 7# SHINee ၊ 8# Super Junior ၊ 9# MONSTA X ၊ 10# NU’EST

11# TXT ၊ 12# Stray Kids ၊ 13# TREASURE ၊ 14# ASTRO ၊ 15# ATEEZ ၊ 16# INFINITE ၊ 17# CRAVITY ၊ 18# BIGBANG ၊ 19# ONF ၊ 20# VIXX

21# Block B ၊ 22# Golden Child ၊ 23# WINNER ၊ 24# BTOB ၊ 25# TVXQ ၊ 26# TOO ၊ 27# VICTON ၊ 28# PENTAGON ၊ 29# AB6IX ၊ 30# SF9

-m2t
Ref : Soompi

You cannot copy content of this page