K pop

■ YouTube Views မိုင်တိုင်တစ်ခုကို ရောက်ရှိခဲ့တဲ့ GD X Taeyang တို့ရဲ့ “Good Boy”

— သီချင်းအပုဒ်ရေ နည်းပေးမယ့် ကွာလတီကို ဦးစားပေးပြီး ထွက်သမျှ သီချင်းတိုင်း နားထဲစွဲအောင် ဖန်တီးနိုင်တဲ့ BIGBANG အဖွဲ့ဟာ အနားယူနေတာ တော်တော်လေးကြာနေပါပြီ…

ဒါပေမဲ့ သူတို့ရဲ့ သီချင်းတွေ၊ ဖျော်ဖြေမှုတွေကို ထပ်ခါထပ်ခါနားထောင်တိုင်း ကြိုက်နှစ်သက်နေဆဲပါ ပဲ။ သူတို့ခေတ်သူတို့ခါတုန်းက YouTube Views ခေတ်မဟုတ်တာတောင် BIGBANG အဖွဲ့ရဲ့ သီ ချင်းတွေဟာ K-pop Music တွေကို YouTube မှာ လမ်းကြောင်းစတင်ခေတ်စားစေခဲ့တာပါ။

ပရိသတ်တွေအလွန်သဘောကျခဲ့ကြတဲ့ GD X Taeyang တို့ရဲ့ “Good Boy” သီချင်းဟာ YouTube Views မိုင်တိုင်တစ်ခုကို ရောက်ရှိခဲ့ပါတယ်။ GD X Taeyang တို့ရဲ့ “Good Boy” သီချင်းဟာ ဇန်နဝါရီလ 9 ရက်နေ့မှာ YouTube Views သန်း 300 ပြည့်တဲ့ မိုင်တိုင်ကို ရောက်ရှိခဲ့တာပါ။

“Good Boy” သီချင်းကို 2014 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်နေ့က စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး 6 နှစ်၊ 1လနဲ့ 19 ရက်အကြာမှာ YouTube Views သန်း 300ပြည့်ခဲ့တာဖြစ်ပါတယ်။

BIGBANG Unit သီချင်းတွေထဲမှာတော့ “Good Boy” သီချင်းဟာ ပထမဆုံး Views သန်း 300 ပြည့် တဲ့ သီချင်းတစ်ပုဒ်ဖြစ်သလို BIGBANG MV တွေထဲမှာ “FANTASTIC BABY” ၊ “BANG BANG BANG.” တို့ပြီးရင် Views သန်း 300 ပြည့်တဲ့ တတိယမြောက်သီချင်းဖြစ်ပါတယ်။

-m2t
Ref: Soompi

You cannot copy content of this page