K pop

■ BTS အဖွဲ့ဝင်တွေဖြစ်တဲ့ J-Hope နဲ့ Vတို့ထံက ရရှိခဲ့ဖူးတဲ့ စာတွေကို TVXQ Yunho ထုတ်ဖော်ပြသ

— TVXQ ရဲ့ Yunho ဟာ လက်ရှိကမ္ဘာကျော်ပြီး လူတိုင်းအားကျနေရတဲ့ BTS အဖွဲ့ဝင်တွေရဲ့ အား ပေးမှုကိုရရှိခဲ့တဲ့သူဖြစ်ခဲ့ပါတယ်။

TVXQ အဖွဲ့ဝင် Yunho ဟာ MBC’s variety program, ‘I Live Alone,’ အစီအစဉ်မှာပါဝင်ခဲ့ပြီး ပရိသတ်တွေထံက ရရှိတဲ့လက်ဆောင်အချို့နဲ့ BTS အဖွဲ့ဝင် J-Hope၊ V တို့ရဲ့ လက်ရေးစာတွေကို ထုတ်ဖော်ပြသခဲ့တာပါ။

အဲဒီမှာ Yunho ဟာ Training နေ့တွေတုန်းက သူ့အနေနဲ့ ဘယ်လောက်ကြိုးစားခဲ့ရတာကိုလည်း ပြန်ပြောင်းပြောခဲ့ပါတယ်။ သူ့အနေနဲ့ နေထိုင်တဲ့ ဂွမ်ဂျူမြို့ကနေ လေ့ကျင့်ဖို့ ဆိုးလ်ကို ကျောင်းပြီး တာနဲ့ နေ့တိုင်းသွားရပြီး မနက် 2 AM အထိ လေ့ကျင့်မှုပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ သူ့ရဲ့အိပ်ချိန် တွေကို သွားလာတဲ့ ရထားပေါ်မှာပဲ ပြုလုပ်ခဲ့ရတယ်လို့ ပြောပါတယ်။

နောက်တော့ Yunho ဟာ သူ့အနေနဲ့ စစ်တပ်ထဲဝင်တော့ BTS အဖွဲ့ဝင် J-Hope၊ V တို့ရဲ့ လက်ရေးစာအပါအဝင် မင်းသား Park Bo Gum ဆီက ရရှိတဲ့စာတွေကိုလည်း ထုတ်ဖော်ပြသခဲ့ပါ တယ်။

J-Hope ရေးထားတဲ့စာက “ စီနီယာအနေနဲ့ စစ်မှုတာဝန်ထမ်းဆောင်တော့မယ်လို့ ကြားပါတယ်။ ကျွန်တော်ဟာလည်း ဂွမ်ဂျူးမြို့က ဂျူနီယာတစ်ယောက်ဖြစ်ပြီး စီနီယာကို ငယ်ငယ်လေးတည်း ကရော အခုထိပါ အားကျရတဲ့ သူတစ်ယောက်ပါ။ အမြဲတမ်းအားပေးနေပါတယ်” လို့ ရေးသားခဲ့သလို ထမင်းတစ်နပ်အတူစားချင်ပြီး အကြံဉာဏ်တွေလိုချင်ပါတယ်လို့လည်း ဖော်ပြခဲ့တာပါ။

V ရေးသားတဲ့ စာကတော့ “ ကျွန်တော်တို့ BTS အဖွဲ့ဟာ TVXQ ကို ချစ်ပါတယ်။ တစ်နေ့ အတူတူ ဖျော်ဖြေနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” လို့ ရေးသားခဲ့တာပါ။ J-Hope နဲ့ V တို့ရဲ့ လက်ရေးကို ဖော်ပြပြီးတဲ့အခါ Yunho က ပြုံးပြီး “ ချစ်စရာလေးတွေ…အခုတော့ မင်းတို့က ကမ္ဘာကျော်စတား တွေဖြစ်နေပြီ” လို့ ပြောခဲ့ပါတယ်။

-m2t
Ref: Allkpop and Soompi

You cannot copy content of this page