K pop

■ G-Dragon ရဲ့ Para-Noise 2.0 စရောင်းချင်းချင်းပဲ Nike Website ကျသွားခဲ့

— – – Website ထဲ ဝင်ပြီး ဝယ်ယူများလွန်းတာကြောင့် Nike က တောင်းပန်ခဲ့ရတဲ့အထိ

G-Dragon နဲ့ Nike တို့ ပူးပေါင်း ထုတ်လုပ်ထားတဲ့ Para-Noise 2.0 ကို နိုဝင်ဘာ (၂၅)ရက်ကနေ စတင်ပြီး နိုင်ငံပေါင်း (၄၂) နိုင်ငံမှာ စတင်ရောင်းချခဲ့တာပါ။

Para-Noise 2.0 ကို ဝယ်ယူလို့ရပြီလို့ Nike က ကြေညာပြီးပြီးချင်းမှာပဲ ဝယ်ယူအားပေးသူများလွန်းတာကြောင့် ဝက်ဘ်ဆိုက်ဟာ ကျသွားခဲ့တဲ့အထိ ဖြစ်သွားပြီး Nike မှာ ဘာသာပေါင်းစုံနဲ့ တောင်းပန်စာ ထုတ်ခဲ့ရပါတယ်။

အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ ဂျာမနီ၊ စပိန်၊ အီတလီ အပါအဝင် နိုင်ငံပေါင်း (၄၂) နိုင်ငံမှာ Nike ဝက်ဘ်ဆိုက်က G-Dragon ရဲ့ Para-Noise 2.0 ကို ဝယ်ယူနိုင်ပြီးလို့ ထုတ်ပြန်ပြန်ပြီးချင်းမှာပဲ Sold Out ဖြစ်ခဲ့ပြီး အဲဒီနိုင်ငံ (၄၂)နိုင်ငံလုံးမှာ Sold Out ဖြစ်ဖို့ အချိန် (၁) မိနစ်ပဲ ကြာခဲ့ပါတယ်။

BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ဟာ ၂၀၁၉ နိုဝင်ဘာ (၂၃) ရက်မှာ Nike နဲ့ ပူးပေါင်းပြီး Para-noise Nike Air Force 1 ကို စပြီး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ကမ္ဘာ့အနှံမှာ Sold Out ဖြစ်ဖို့ အချိန် (၅) မိနစ်ပဲ ကြာခဲ့ပြီး အခု G-Dragon ရဲ့ Para-Noise 2.0 ကတော့ အဲဒီစံချိန်ကိုပါ ချိုးခဲ့တာပါ။

Nike နဲ့ ပူးပေါင်းပြီး G-Dragon ကိုယ်တိုင် ဒီဇိုင်းဆွဲကာ ထုတ်လုပ်ခဲ့တဲ့ Para-noise Nike Air Force 1 ဟာ အနက်ရောင်ကို အခြေခံထုတ်လုပ်ထားတာဖြစ်ပြီး အခု Para-Noise 2.0 ကတော့ အဖြူရောင်ကို အခြေခံ ထုတ်လုပ်ထားတာပါ။

၂၀၁၉ မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးခဲ့တဲ့ G-Dragon ဟာ ဖက်ရှင်လုပ်ရှားမှုတွေ ပြုလုပ်ထားသေးပြီး လက်ရှိမှာတော့ Solo Album အတွက် ပြင်ဆင်နေပြီလို့ ကိုယ်တိုင်အတည်ပြုထားပါတယ်။

တစ်ကမ္ဘာလုံးက ပရိသတ်တွေကတော့ G-Dragon ကိုရော BIGBANG အဖွဲ့ကို Comeback လုပ်ဖို့ တောင့်တနေကြပြီး G-Dragon ရဲ့ Solo Album သစ်ကတော့ ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာ ထွက်လာဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။

— ဃဲ
Ref: AKP & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page