K pop

■ Hanteo Chart မှာ ၂၀၂၀ ခုနှစ်အတွင်း Album ချပ်ရေ အရောင်းရဆုံး SM Entertainment က အနုပညာရှင် (၁၀) ဦး

– – – -၂၀၂၀ ခုနှစ်အတွင်းမှာ SM အနုပညာရှင်တွေရဲ့ Album ရောင်းအားက…..

၂၀၂၀ ခုနှစ်ဟာ COVID-19 ကြောင့် နယ်ပယ်ပေါင်းစုံက အားလုံး အခက်အသီးသီး ကြုံတွေ့ခဲ့ရပါတယ်။

ဒါကြောင့် COVID-19 ဟာ K-pop နယ်ပယ်ကိုလည်း ရိုက်ခတ်မှုကြီးမားခဲ့ပြီး K-pop Idol တွေဟာ ဒီနှစ်အတွင်း ဖျော်ဖြေပွဲတွေ ပြုလုပ်ခွင့်မရကာ ပရိသတ်နဲ့ ထိတွေ့မှု ဝေးကွာခဲ့ရပါတယ်။ အဲဒီလိုအခက်အခဲတွေကြားကပဲ Idol တွေဟာ ပရိသတ်တွေအတွက် အစွမ်းကုန်တာဝန်ကျေဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

ဒီနှစ်အတွင်း K-pop Idol တွေဟာ Album တွေ ထုတ်ဝေခဲ့ကြပြီး ပရိသတ်တွေအတွက် ပေးဆပ်ခဲ့ကြပါတယ်။ SM က အနုပညာရှင်တွေကလည်း ဒီနှစ်အတွင်း Album တွေ ထုတ်ဝေခဲ့ကြပြီး ရောင်းအားကောင်းခဲ့တာ တွေ့ရပါတယ်။

ဒါကြောင့် အခုအခါ Hanteo Chart မှာ ရောင်းအားအကောင်းဆုံး SM က အနုပညာရှင်တွေရဲ့ Album တွေကို ဖော်ပြပေးလိုက်ရပါတယ်။

#10 Super Junior — ‘Timeless’ (85,440 ချပ်ရေ)

#9 Super Junior KRY — ‘When We were Us’ (129,790 ချပ်ရေ)

#8 Red Velvet Irene & Seulgi — ‘Monster’ (180,960 ချပ်ရေ)

#7 Super Junior D&E — ‘Bad Blood’ (191,680 ချပ်ရေ)

#6 NCT 127 — ‘Neo Zone Final Round’ (351,530 ချပ်ရေ)

#5 NCT 127 — ‘Neo Zone’ (463,820 ချပ်ရေ)

#4 EXO SC — ‘1 Billion Views’ (486,490 ချပ်ရေ)

#3 NCT — ‘RESONANCE Pt.2’ (562,280 ချပ်ရေ)

#2 NCT Dream — ‘Reload’ (564,420 ချပ်ရေ)

#1 NCT — ‘RESONANCE Pt.1’ (889,810 ချပ်ရေ)

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page