K pop
■ Solo Debut သတင်းထွက်ပေါ်ပြီးမှာ Rose’ ရဲ့ ငယ်ဘဝပုံရိပ် Netizens တွေကြား ရေပန်းစား
-UNICODE
– – – Rose’ အနေနဲ့ တစ်ကိုယ်တော် ပွဲထွက်တော့မယ်ဆိုတဲ့သတင်းဟာ ပရိသတ်တွေကို အလွန်ရင်ခုန်စေခဲ့ပြီး အဲဒီနောက်…
ဒီရက်ပိုင်းကတော့ BLACKPINK ပရိသတ်တွေအတွက်တော့ တကယ့်ကို ရင်ခုန်စရာ ကာလတွေပါပဲ။
ပြီးခဲ့ဲတဲ့ရက်ပိုင်းတုန်းက BLACKPINK အဖွဲ့ဝင်နှစ်ယောက်ဖြစ်တဲ့ Rose’ နဲ့ Lisa တို့ဟာ တစ်ကိုယ်တော်ပွဲထွက်တော့မယ်လို့ YG Entertainment က အတည်ပြုသွားခဲ့ပါတယ်။ Rose’ နဲ့ Lisa တို့ဟာ ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာ တစ်ကိုယ်တော် ပွဲထွက်မှာလို့ သိရပါတယ်။
ဒီသတင်းဟာ BLINKS တွေရဲ့ ရင်ခုန်သံကို လုံးဝနှိုးဆွခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် Rose’ ရဲ့ ကျောင်းသူဘဝတုန်းက ပုံရိပ်တွေက အွန်လိုင်းမှာ ပြန်လည်ပျံ့နှံ့လာခဲ့ပြီး ပရိသတ်တွေကြား တစ်ဖန်ပြန်လည် ရေပန်းစားလာခဲ့ပါတယ်။
ဒီဓာတ်ပုံတွေထဲမှာတော့ Rose’ ဟာ အပြစ်ကင်းစင်တဲ့ မျက်နှာပုံစံလေးနဲ့ တကယ့်ကို ချစ်ဖို့ကောင်းနေတာ တွေ့ရပါတယ်။ Rose’ ရဲ့ ဒီပုံရိပ်တွေကို တွေ့မြင်ပြီးနောက် ပရိသတ်တွေက ကောင်းချီးပေးခဲ့ကြပြီး “သူမက ငယ်ငယ်လေးကတည်းက ချစ်ဖို့ကောင်းတာပဲ” “ဒီပုံတွေထဲမှာလည်း လက်ရှိ Rose’ ကို မြင်နေတုန်းပဲ”စသဖြင့် မှတ်ချက်တွေ ပြုခဲ့ကြပါတယ်။
Rose’ ကတော့ ဘယ်လိုပုံစံမျိုးနဲ့မဆို ချစ်စရာကောင်းလွန်း၊ ဆွဲဆောင်မှုရှိလွန်းသူလို့ ဆိုရမှာပါ။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page