K pop

■ Song Ji Hyo ရဲ့ ကျေးဇူးတင်စကားကြောင့် သူလည်း နာကျင်ခဲ့ရတယ်လို့ Lee Kwang Soo အရွှန်းဖောက်

-UNICODE

– – – သူ့အနေနဲ့ ငိုလုနီးပါး ဖြစ်ခဲ့တယ်လို့ Lee Kwang Soo က ဆိုခဲ့ပြီး…..

တလောက ထုတ်လွှင့်ခဲ့တဲ့ Running Man ရဲ့ အပိုင်းမှာတော့ Haha က 2020 SBS Entertainment Awards မှာ ဆုရစဉ်မှာ Song Ji Hyo ကို ကျေးဇူးတင်စကားပြောဖို့ မေ့ခဲ့တာနဲ့ ပတ်သက်ပြီး ပြန်တောင်းပန်ခဲ့ပါတယ်။

Haha က ကျေးဇူးတင်စကားပြောဆိုရာမှာ RM အဖွဲ့ဝင်တွေအားလုံးကို ထည့်သွင်းပြောဆိုခဲ့ပေမဲ့ Song Ji Hyo ကိုတော့ မေ့နေခဲ့ပါတယ်။ Song Ji Hyo က ဆုပေးပွဲတုန်းက သူ့ရှေ့မှာ မရှိတဲ့အတွက် မေ့သွားခဲ့ခြင်းသာဖြစ်ကြောင်း Haha က ဆိုခဲ့ပါတယ်။

အဲဒီနောက် Haha က သူ့ကိုပရိသတ်တွေ တစ်မျိုးမမြင်အောင် Ji Hyo အနေနဲ့ ဘွင်မယူကြောင်း ပြောပြပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီမှာ ထုံးစံအတိုင်း Lee Kwang Soo က တစ်စခန်း ထလာခဲ့ပါတယ်။

Song Ji Hyo အနေနဲ့လည်း ကျေးဇူးတင်စကားပြောဆိုရာမှာ သူ့နာမည်ကို မေ့နေခဲ့ကြောင်း Lee Kwang Soo က ဆိုခဲ့တာပါ။ Song Ji Hyo ဟာ ကျေးဇူးတင်စကားဆိုခဲ့ရာမှာတော့ အသက်ကြီးဆုံးအဖွဲ့တွေလို့သာ သုံးနှုန်းသွားတဲ့အတွက် ဒါဟာ သူမပါဘူးလို့ အဓိပ္ပာယ်သက်ရောက်ကြောင်း Lee Kwang Soo က ဆိုခဲ့ပါတယ်။

Song Ji Hyo ရဲ့ အဲဒီလုပ်ရပ်ကြောင်း သူ့အနေနဲ့ အလွန်စိတ်ထိခိုက်ရကြောင်း၊ ငိုလုနီးပါးပင်ဖြစ်မိကြောင်း Lee Kwang Soo က အရွှန်းဖောက်ခဲ့ပါတယ်။ ဒီမှာပဲ Ji Hyo က “နင်ဘာမှ မဖြစ်ဘူး”လု့ိ ပြောခဲ့တယ်မလားဆို ပြောဆိုခဲ့ရာမှာ Kwang Soo က “မဟုတ်ပါဘူး။ ကျွန်တော် အံ့အားသင့်သွားတယ်။ အိပ်လို့တောင် မပျော်ဘူး”လို့ ထပ်မံ အရွှန်းဖောက်ခဲ့ကြပါတယ်။

ဘာပဲပြောပြော Running Man အဖွဲ့ဝင်တွေကြားက စကားဝိုင်းလေးကတော့ ကြည့်ရတဲ့ပရိသတ်အဖို့ တကယ့်ကို ကြည်နူးဖွယ်ရာ ဖြစ်ခဲ့တာပါ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန်အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

-ZAWGYI

■ Song Ji Hyo ရဲ႕ ေက်းဇူးတင္စကားေၾကာင့္ သူလည္း နာက်င္ခဲ့ရတယ္လို႔ Lee Kwang Soo အရႊန္းေဖာက္

– – – သူ႔အေနနဲ႔ ငိုလုနီးပါး ျဖစ္ခဲ့တယ္လို႔ Lee Kwang Soo က ဆိုခဲ့ၿပီး…..

တေလာက ထုတ္လႊင့္ခဲ့တဲ့ Running Man ရဲ႕ အပိုင္းမွာေတာ့ Haha က 2020 SBS Entertainment Awards မွာ ဆုရစဥ္မွာ Song Ji Hyo ကို ေက်းဇူးတင္စကားေျပာဖို႔ ေမ့ခဲ့တာနဲ႔ ပတ္သက္ၿပီး ျပန္ေတာင္းပန္ခဲ့ပါတယ္။

Haha က ေက်းဇူးတင္စကားေျပာဆိုရာမွာ RM အဖြဲ႕ဝင္ေတြအားလုံးကို ထည့္သြင္းေျပာဆိုခဲ့ေပမဲ့ Song Ji Hyo ကိုေတာ့ ေမ့ေနခဲ့ပါတယ္။ Song Ji Hyo က ဆုေပးပြဲတုန္းက သူ႔ေရွ႕မွာ မရွိတဲ့အတြက္ ေမ့သြားခဲ့ျခင္းသာျဖစ္ေၾကာင္း Haha က ဆိုခဲ့ပါတယ္။

အဲဒီေနာက္ Haha က သူ႔ကိုပရိသတ္ေတြ တစ္မ်ိဳးမျမင္ေအာင္ Ji Hyo အေနနဲ႔ ဘြင္မယူေၾကာင္း ေျပာျပေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ အဲဒီမွာ ထုံးစံအတိုင္း Lee Kwang Soo က တစ္စခန္း ထလာခဲ့ပါတယ္။

Song Ji Hyo အေနနဲ႔လည္း ေက်းဇူးတင္စကားေျပာဆိုရာမွာ သူ႔နာမည္ကို ေမ့ေနခဲ့ေၾကာင္း Lee Kwang Soo က ဆိုခဲ့တာပါ။ Song Ji Hyo ဟာ ေက်းဇူးတင္စကားဆိုခဲ့ရာမွာေတာ့ အသက္ႀကီးဆုံးအဖြဲ႕ေတြလို႔သာ သုံးႏႈန္းသြားတဲ့အတြက္ ဒါဟာ သူမပါဘူးလို႔ အဓိပၸာယ္သက္ေရာက္ေၾကာင္း Lee Kwang Soo က ဆိုခဲ့ပါတယ္။

ွSong Ji Hyo ရဲ႕ အဲဒီလုပ္ရပ္ေၾကာင္း သူ႔အေနနဲ႔ အလြန္စိတ္ထိခိုက္ရေၾကာင္း၊ ငိုလုနီးပါးပင္ျဖစ္မိေၾကာင္း Lee Kwang Soo က အ႐ႊန္းေဖာက္ခဲ့ပါတယ္။ ဒီမွာပဲ Ji Hyo က “နင္ဘာမွ မျဖစ္ဘူး”လု႔ိ ေျပာခဲ့တယ္မလားဆို ေျပာဆိုခဲ့ရာမွာ Kwang Soo က “မဟုတ္ပါဘူး။ ကြၽန္ေတာ္ အံ့အားသင့္သြားတယ္။ အိပ္လို႔ေတာင္ မေပ်ာ္ဘူး”လို႔ ထပ္မံ အ႐ႊန္းေဖာက္ခဲ့ၾကပါတယ္။

ဘာပဲေျပာေျပာ Running Man အဖြဲ႕ဝင္ေတြၾကားက စကားဝိုင္းေလးကေတာ့ ၾကည့္ရတဲ့ပရိသတ္အဖို႔ တကယ့္ကို ၾကည္ႏူးဖြယ္ရာ ျဖစ္ခဲ့တာပါ။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။ *

You cannot copy content of this page