K pop

■ ဖက်ရှင်လောကအပေါ် Brand Ambassador အဖြစ် EXO ရဲ့ လွှမ်းမိုးမှု

— – – ဂီတလောကမှာသာမက ဖက်ရှင်လောကမှာပါ EXO ရဲ့ လွှမ်းမိုးမှုက ဘယ်လောက်အထိဆိုတာ ဒါကိုကြည့်လိုက်ရင်တော့ …

EXO အဖွဲ့က K-Pop သမိုင်းမှာ အကောင်းဆုံးအဖွဲ့တွေထဲက တစ်ဖွဲ့ဆိုတာ အငြင်းပွားစရာမရှိပါဘူး။ ဒါကို သူတို့ဖြတ်သန်းလာတဲ့ ဂီတသက်တမ်းက သက်သေဖြစ်သလို၊ လက်ရှိအချိန်ထိ သူတို့က ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေအဖြစ် ရှိနေဆဲပါပဲ။ အခုတော့ သူတို့ဟာ ဂီတဘက်မှာသာမက ဖက်ရှင်ပိုင်းမှာပါ …

Kai


EXO အဖွဲ့ရဲ့ Main Dancer ကို Human Gucci လို့ တင်စားကြပါတယ်။ သူဟာ Gucci ပထမဆုံးသော ကိုရီးယားလူမျိုး Global Ambassador ဖြစ်ပါတယ်။

Baekhyun


Album သန်းချီရောင်းချထားရတဲ့ BAEKHYUN ဟာ အဖွဲ့တွေနဲ့ တစ်ကိုယ်တော်ရော အောင်မြင်သူဖြစ်ပြီး Burberry Korea ရဲ့ Ambassador လည်းဖြစ်ပါတယ်။ ဒါ့အပြင် Baekhyun ဟာ ကိုယ်ပိုင်ဖက်ရှင် Label Privé Alliance ရဲ့ co-director အဖြစ်လည်း ဆောင်ရွက်နေသူပါ။

Sehun


EXO အဖွဲ့ရဲ့ အငယ်ဆုံးလေးက Berluti Korea Music နဲ့ Cartier Korea တို့ရဲ့ မော်ဒယ်ဖြစ်ပါတယ်။ ဒါ့ပြင် Sehun ဟာ Pasha de Cartier မှာလည်း BLACKPINK Jisoo၊ GOT7 Jackson တို့နဲ့အတူ ပါဝင်သူပါ။ ပြီးတော့ သူက Zegna နဲ့ Louis Vuitton တို့ရဲ့ Ambassador လည်းဖြစ်ပါတယ်။

Suho


အဖွဲ့ခေါင်းဆောင် Suho က တန်ဖိုးမြင့်လက်ဝတ်ရတနာ BVLGARI ရဲ့ Ambassador ဖြစ်သလို၊ Bottega ရဲ့ထိပ်တန်းမော်ဒယ်လည်း ဖြစ်ပါတယ်။

Chanyeol


Chanyeol က Red Velvet Irene နဲ့အတူ Prada Korea ရဲ့ Ambassador ဖြစ်ပြီး F/W Season Campaign 2020 ရဲ့ မော်ဒယ်လည်း ဖြစ်ပါတယ်။

Lay


စွယ်စုံရ အနုပညာရှင် Lay ဟာ Valentino ရဲ့ ပထမဆုံး တရုတ်ကိုယ်စားပြု Ambassador ဖြစ်သလို၊ Calvin Klein, Daniel Wellington, Converse, MAC, Chaumet, H&M, Biotherm Homme, Tide, Pizza Hut နဲ့ Tencent တို့လို ထိပ်တန်း Brand ပေါင်းများစွာရဲ့ Ambassador လည်းဖြစ်ပါတယ်။

— ဃဲ
Ref: SB

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page