— – – သူတို့ရဲ့ ရုပ်ရည်တင်မက Charisma နဲ့ ဆွဲဆောင်မှုတွေက အမျိုးသမီးအချင်းချင်းတောင် ငြင်းနိုင်မှာ …
Theqoo ရဲ့ ဖော်ပြချက်အရ ဒီအမျိုးသမီး Idol (၅) ဦးဟာ လက်ရှိ ကိုရီးယားအမျိုးသားတွေအကြားမှာ ပေါ်ပြူလာအဖြစ်ဆုံး၊ အချစ်ခံရဆုံးသူတွေ ဖြစ်လို့ ဆိုပါတယ်။ သူတို့ကတော့ …
Irene (Red Velvet)
Visual အကြောင်းကို ပြောမယ်ဆိုရင် Irene ကို ချန်ထားခဲ့လို့ မရပါဘူး။ K-Pop တတိယမျိုးဆက်မှာ အချောဆုံးအဖြစ် သတ်မှတ်ခံရသူဖြစ်ပြီး သူမရဲ့အိန္ဒြေရှိတဲ့အလှနဲ့ ကောင်းမွန်လွန်းတဲ့ အသားအရေက Flawless ပါပဲ။
Jisoo (BLACKPINK)
BLACKPINK က ပါရမီရှင်ကောင်မလေး (၄)ယောက်နဲ့ ဖွဲ့ထားတာဖြစ်ပြီး (၄)ယောက်စလုံးလည်း အရမ်းလှပါတယ်။ ဒါပေမဲ့ ကိုရီးယားအမျိုးသားတွေကတော့ Jisoo ရဲ့ ပြစ်မျိုးမဲ့ကင်းလှတဲ့အလှကို ပိုသဘောကျပြီး သူမရဲ့ အပြုံးက နေရောင်လို နွေးထွေးစေတယ်လို့ ဆိုပါတယ်။
Naeun (APRIL)
Naeun ကို ကြည့်လိုက်ရင် အရမ်း Fresh ဖြစ်ပြီး တက်တက်ကြွကြွနဲ့ ချစ်စရာကောင်းပါတယ်။ သူမရဲ့ငယ်ရွယ်တဲ့ အလှက အမြဲတမ်းပြုံးနေတတ်တာက ကိုရီးယားအမျိုးသားတွေကို ကြွေကျစေပါသတဲ့။
Kim Minjoo (IZ*ONE)
Kim Minjoo ရဲ့ အလှကို အဓိပ္ပာယ် ဖွင့်မယ်ဆိုရင် ချစ်စရာကောင်းတယ်။ နတ်သမီးလေးလို့ လှတယ်လို့ ကိုရီးယားအမျိုးသားတွေက ဆိုပါတယ်။ ပြီးတော့ သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ ခြေတံသွယ်သွယ်လေးတွေကလည်း ဆွဲဆောင်မှုတစ်ခုပေါ့။
Sana (TWICE)
Cheese kimbap ပိုင်ရှင်ဟာ အရမ်းချစ်စရာ ကောင်းသလောက် တစ်ချိန်တည်းမှာပဲ ဆွဲဆောင်မှုအပြည့်ရှိသူလည်း ဖြစ်ပါတယ်။ သူမရဲ့ငါးရံ့ကိုယ်လုံးကိုယ်ပေါက်က ကိုရီးယားအမျိုးသားတွေရဲ့ ရင်ထဲကို အပူဟပ်စေတာ သိပ်တော့ မဆန်းပါဘူး။
— ဃဲ
Ref: SB
*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***