K pop

■ BTS ဂျစ်ဆောမှာ ဘယ်အစိတ်အပိုင်းမှ ဖယ်လို့မရ

— – – ဂျစ်ဆောဆိုတာ အစိတ်အပိုင်းလေးတွေ အားလုံးပေါင်းမှ ပြည့်စုံသလို၊ BTS ဆိုတာကလည်း …

K-Pop မှာမှ မဟုတ်ပါဘူး။ ဘယ်နယ်ပယ်မှာမဆို ကြီးမားတဲ့ အောင်မြင်မှုတွေရဖို့ဆိုတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို လူတိုင်း သိပါတယ်။ အနုပညာလောကမှာတော့ အောင်မြင်မှုအတွက် ကြိုးစားမှုအပြင် အခြေအနေနဲ့ စန်းရှိဖို့လည်း လိုပါတယ်။

BTS အဖွဲ့ ပွဲထွက်ဖို့လုပ်တော့ Jimin နဲ့ J-Hope တို့ဟာ အဖွဲ့နဲ့ပွဲထွက်ခွင့် လွဲချော်လုနီးပါး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့ကို လက်ခံခဲ့ပါတယ်။ အဲဒီမှာ Jimin နားလည်သွားတာ သူဟာ သူများထက် ပိုကြိုးစားမှ ဖြစ်မယ်ဆိုတာပါပဲ။

Jimin က “ကျွန်တော် အဖွဲ့ကို စဝင်တုန်းက ကျွန်တော့်အနေနဲ့ အရမ်းကြိုးစားမှ ဖြစ်မယ်လို့ နားလည်ခဲ့ပါတယ်။ သေချာတာတစ်ခုကတော့ ကျွန်တော်တို့အားလုံး တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း အားယူခဲ့ရတယ်ဆိုတာပါပဲ”လို့ ဆိုခဲ့ပါတယ်။

အဲဒီမှာ RM က “BTS က ငါတို့ အားလုံးကြောင့် ဖြစ်လာတာပါ။ ငါတို့ထဲက တစ်ယောက် တစ်ယောက် မပါဘဲနဲ့ BTS ဆိုတာ လုံး၀ မဖြစ်နိုင်ပါဘူး”လို့ ဆိုခဲ့ပါတယ်။

တကယ်လို့ BTS က ဂျစ်ဆောတစ်ခုဆိုရင် အဖွဲ့ဝင်တွေက အစိတ်အပိုင်း (၇)ခု ဖြစ်ပါလိမ့်မယ်။ အဲဒီအစိတ်အပိုင်းတွေ အားလုံးပြည့်စုံမှ ဂျစ်ဆောက ပြည့်စုံမှာဖြစ်သလို၊ BTS ဂျစ်ဆောကလည်း အဖွဲ့ဝင် (၇)ယောက်လုံး ရှိနေမှ ပြည့်စုံမှာပါ။

ဒါကြောင့် BTS အဖွဲ့ဝင်တွေက သူ့ကို တခြားအဖွဲ့ဝင်တွေကိုလည်း တန်းတူချစ်ပေးပါလို့ ပရိသတ်တွေကို တောင်းဆိုလေ့ရှိပြီး Bias စွဲတွေကြောင့် မနာကျင်စေဖို့တော့ ပရိသတ်တွေဘက်က ဂရုစိုက်ဖို့ လိုပါတယ်။

— ဃဲ
Ref: Koreaboo

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page