K pop

■ BTS အဖွဲ့မှာ သူ့အပေါ် အလွှမ်းမိုးနိုင်ဆုံးအဖွဲ့ဝင်ကို Jin ဖွင့်ဟ

— – – Jin ရဲ့ ဖွင့်ဟမှုကြောင့် BTS အဖွဲ့ဝင်တွေ အံ့သြခဲ့ရသလို၊ သူက ဘာကြောင့် လွှမ်းမိုးတယ်ဆိုတာကိုလည်း …

လက်ရှိ K-Pop ရဲ့ အကျော်ကြားဆုံးအဖွဲ့အဖြစ် ရပ်တည်နေတဲ့ BTS အဖွဲ့ဟာ အောင်မြင်မှုကို လွယ်လွယ်နဲ့ ရခဲ့တာမျိုးမဟုတ်ဘဲ အတော်လေးကြိုးစားခဲ့ရတာကို K-Pop ကို ထဲထဲဝင်ဝင်လေ့လာတဲ့ ပရိသတ်တိုင်း သိကြပါလိမ့်မယ်။

သူတို့ရဲ့ မနားမနေကြိုးစားမှုက အဖွဲ့အောင်မြင်မှုရဲ့ အသက်ဖြစ်ခဲ့ပြီး Jin ကတော့ အဖွဲ့ထဲမှာ သူ့အပေါ် အလွှမ်းမိုးနိုင်ဆုံးနဲ့ ကျားကုတ်ကျားခဲကြိုးစားသူက Jimin ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဒါကို RM ကလည်း သဘောတူခဲ့တာပါ။

Jin က “Jimin က ငါ့အပေါ် အရမ်းလွှမ်းမိုးရှိတယ်လို့ ငါ ပြောချင်တယ်။ ငါ့မျက်လုံးထဲမှာတော့ သူက လုံး၀ Perfect ပဲ။ သူက စတိတ်ပေါ်မှာ Perfect ပဲ။ တကယ်အံ့သြစရာကောင်းတဲ့ သူပေါ့”လို့ ဆိုပါတယ်။ Jin ရဲ့ ချီးကျူးစကားကို ကြားပြီးနောက်မှာ Jimin ဟာ ရှက်ပြုံးပြုံးနေခဲ့ပြီး “ဒါမျိုး တစ်ခါမှ မကြားဖူးသေးဘူး”လို့ ဆိုခဲ့ပါတယ်။

ဆက်ပြီးတော့ Jin က Jimin ရဲ့ အမောမပန်း လေ့ကျင့်မှုတွေကို မြင်ရတဲ့အခါမှာတော့ သူ့အနေနဲ့ အရမ်းကို အံ့သြရတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

“တစ်ခါတုန်းက ငါနဲ့ RM အကလေ့ကျင့်နေတုန်း အရမ်းမောလာလို့ ထောင့်နားမှာ နားနေကြတယ်။ အဲဒီအချိန်မှာ Jimin က မမောတမ်းအကလေ့ကျင့်နေတုန်းပဲ။ ဒီတော့ သူ ဘာကြောင့် ဒီလိုတောင် မမောမပန်းဘဲ လုပ်နိုင်ရတာလဲဆိုပြီး ငါ အရမ်းအံ့သြခဲ့တယ်”လို့ Jin က ဆိုပါတယ်။

— ဃဲ
Ref: Koreaboo

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page