K pop

■ (Breaking!!!) GOT7 အဖွဲ့ဝင်တွေ JYP နဲ့ လမ်းခွဲသွားပြီလို့ Dispatch ဖော်ပြ

—- ဇန်နဝါရီလ 10 ရက်နေ့က Dispatch ဟာ GOT7 အဖွဲ့ဝင်တွေအားလုံး JYP Entertainment နဲ့ လမ်းခွဲသွားပြီလို့ ဖော်ပြခဲ့ပါတယ်။

Dispatch ရဲ့ ဖော်ပြချက်အရ 35th Golden Disc Awards ဆုပေးပွဲမှာပါဝင်ခဲ့တဲ့ GOT7 အဖွဲ့ရဲ့ လှုပ်ရှားမှုဟာ အဖွဲ့အနေနဲ့ နောက်ဆုံးလှုပ်ရှားမှုဖြစ်နိုင်တယ်လို့ သိရပါတယ်။

Industry Source ရဲ့ ဖော်ပြချက်အရ “ GOT7 အဖွဲ့ဝင်တွေအားလုံးဟာ အရမ်းကိုချစ်ကြတာပါ။ သူတို့တွေဟာ အတူတကွဆက်နေဖို့ သဘောတူထားခဲ့ကြပါတယ်။ ဒါပေမဲ့ အေဂျင်စီရဲ့ ရွေးချယ်မှုအ ချို့အပေါ်တော့ သဘောမတူခဲ့ကြပါဘူး။ ကုမ္ပဏီနဲ့ အကြိမ်ပေါင်းများစွာဆွေးနွေးပြီးတဲ့နောက်မှာ ကုမ္ပဏီနဲ့လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပါပြီ” လို့ ဖော်ပြခဲ့ပါတယ်။

အရင်က BH Entertainment နဲ့ သတင်းထွက်ခဲ့တဲ့ Jinyoung ကိုလည်း စာချုပ်ချုပ်ဆိုဖို့ နောက်ဆုံး ဆွေးနွေးမှုပဲကျန်တော့တယ်လို့ Dispatch ကဖော်ပြခဲ့သလို Yugyeom ကလည်း AOMG နဲ့ နောက်ဆုံးဆွေးနွေးမှုလို့ သိရပါတယ်။

Youngjae ကိုတော့ Song Kang Ho, Rain, EXID’s Hani တို့ရဲ့ အေဂျင်စီဖြစ်တဲ့ Sublime Artist Agency က Scout လုပ်နေသလို JB ကတော့ Hip Hop Label တွေရဲ့ကမ်းလှမ်းမှုအများရရှိနေတယ် လို့ ဖော်ပြခဲ့ပါတယ်။ Jackson ဟာ သူ့ရဲ့ label Team Wang နဲ့ ကမ္ဘာအနှံ့အနုပညာလှုပ်ရှားမှုတွေ ပြုလုပ်ပြီး BamBam ကတော့ ထိုင်းနဲ့ ကိုရီးယားနိုင်ငံကြား Balnace ညီအောင် လှုပ်ရှားမှုတွေပြုလုပ် ကာ ကိုရီးယားမှာ MakeUs Entertainment ရဲ့အကူအညီနဲ့ ပြုလုပ်မယ်လို့ သိရပါတယ်။ Mark က တော့ မွေးရပ်မြေ အမေရိကကိုပြန်ပြီး Solo လုပ်ဖို့စဉ်းစားနေတယ်လို့ သိရပါတယ်။

အဆိုပါ Dispatch ရဲ့ သတင်းတွေကို JYP Source က အခုလို တုံ့ပြန်ထားခဲ့ပါတယ်။

“ အဖွဲ့ဝင်တွေအားလုံးကို သတင်းတွေထွက်နေတဲ့ အေဂျင်စီတွေက ဆက်သွယ်နေတာဆိုတာ ကျွန်တော် အတည်မပြုနိုင်ပါဘူး။ GOT7 အဖွဲ့ရ့ စာချုပ်သက်တမ်းတိုးမှုတွေ အဆင်သင့်ဖြစ်ပြီး သေချာခိုင်မာပြီဆိုရင် ကျွန်တော် ဖော်ပြမှာပါ” လို့ တုံ့ပြန်ခဲ့ပါတယ်။

-m2t
Ref: Soompi

You cannot copy content of this page