— ဖက်ရှင်နဲ့ပတ်သက်ပြီး BLACKPINK အဖွဲ့ဝင်တွေရဲ့ ဖက်ရှင်ကို ပရိသတ်တွေအားလုံးက ထောက် ခံပြီးသားဖြစ်ပါတယ်။ Unique Style တွေကြာင့် ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့သလို အခုလည်း “Lovesick Girls” Dance Practice Video ထဲက သူမတို့ရဲ့ ဝတ်စုံတန်ဖိုးတွေကို ဖော်ပြပေးလိုက်ပါ တယ်။
Jennie
ပထမဆုံးအနေနဲ့ Jennie ရဲ့ အမည်းရောင်အကျီၤဟာ “Damages Crop Knit” l.e.e.y တံဆိပ်ဖြစ်ပြီး ကန်ဒေါ်လာ 32 တန်ကြေးရှိတယ်လို့သိရပါတယ်။ အောက်ခံဖြစ်တဲ့ Alexander Wang “Compact Sports Bra” ကတော့ အပေါ်အကျီၤထက် ပိုဈေးကြီး ကန်ဒေါ်လာ 195 တောင်ရှိပါတယ်။ ဖက်ရှင်မာစ တာကြီး Jennie ဟာ သူမရဲ့လိုက်ဖက်အောင် ဘယ်လိုဝတ်ဆင်ရမလဲဆိုတာ သိတဲ့သူဖြစ်ပါတယ်။
Jisoo
Jisoo ကတော့ ရိုးရိုး T-Shirt လေးပဲဝတ်ဆင်တာပါ။ ဒါပေမဲ့ The Rolling Stones ရဲ့ “Rainbow Lips T-Shirt” ဖြစ်ပါတယ်။ ကန်ဒေါ်လာ 14 သာကုန်ကျပေမယ့် သူမရဲ့ Visual က ဘယ်လိုပဲ ဆင်ဆင် အဆင်ပြေနေတာဖြစ်ပါတယ်။
Rosé
Rosé ရဲ့ အပေါ်အကျီၤ ဟာ l.e.e.y “Buckle Bolero Cardigan” ဖြစ်ပြီး ကန်ဒေါ်လာ 32 နဲ့ရှိပါတယ်။ အောက်ခံကတော့ Plain Whit Shirt လေးပဲဖြစ်ပြီး Dance Line တွေမှာ သူမရဲ့ ရိုးရိုးဝတ်စုံလေးဟာ တောက်ပနေတာဖြစ်ပါတယ်။
Lisa
Lisa ရဲ့ ဝတ်စုံစတိုင်ဟာ Rosé ရဲ့ ဝတ်စုံစတိုင်နဲ့ ဆင်တူမှုရှိပါတယ်။ အပေါ်အကျီၤမှာ “Bolero Point Knit Top” l.e.e.y တံဆိပ် ဆွယ်တာလေးပဲဖြစ်ပြီး ကန်ဒေါ်လာ 35 တန်ကြေးရှိတာဖြစ်ပါတယ်။
-m2t
Ref: Koreaboo