K pop

■ ပရိသတ်တွေအရည်ပျော်စေမယ့် BTS နဲ့ EXO ကြားက အခိုက်အတန့်များ

— လက်ရှိအချိန် K-pop လောကမှာ Fandom အကြီးဆုံး အမျိုးသား K-pop အဖွဲ့ကို ဖော်ပြပါဆိုရင် BTS နဲ့ EXO ဆိုတာ အားလုံးသိပါတယ်။

BTS နဲ့ EXO ဟာ K-pop Icon တွေဖြစ်သလို အကောင်းဆုံးသူငယ်ချင်းတွေလည်းဖြစ်ပါတယ်။ ပြီးခဲ့ တဲ့နှစ်တွေအတွင်း အဖွဲ့နှစ်ဖွဲ့ကြားက Idol တွေရဲ့ ချစ်စရာအခိုက်အတန့်လေးတွေကို ဖော်ပြပေး ချင်ပါတယ်။ ဒီအခိုက်အတန့်တွေကို တွေ့ရင် ပရိသတ်တွေ အရည်ပျော်မယ်ဆိုတာ အာမခံပါတယ်။

Jimin နဲ့ Kai

Jimin နဲ့ Kai တို့ဟာ 2016 ခုနှစ်ကတည်းက သူငယ်ချင်းဖြစ်ခဲ့တာပါ။ မကြာသေးခင်တုန်းက အင်တာ ဗျူးမှာ Kai ဟာ သူနဲ့ Jimin ၊ Taemin တို့ဟာ အကောင်းဆုံး သူငယ်ချင်းတွေဖြစ်တယ်လို့လည်း Update လုပ်ခဲ့တာပါ။

Baekhyun နဲ့ V

V ရဲ့ ပြောဆိုမှုအရ Baekhyun နဲ့ သူဟာ Mother and Son လိုပါပဲတဲ့။ သူတို့နှစ်ဦးကြားက ဆက် သွယ်မှုတွေကို ပရိသတ်တွေမြင်တွေ့ခဲ့ရမှာပါ။ မကြာသေးခင်က BTS ရဲ့ “Dynamite” သီချင်းဟာ Baekhyun သူ့ကားထဲမှာ Live Stream လွှင့်စဉ် Playlist ထဲမှာပါဝင်တာကို ပရိသတ်တွေတွေ့ခဲ့ရ ပါတယ်။

Suho နဲ့ V

Suho နဲ့ BTS အဖွဲ့ဝင်တွေအားလုံး ချစ်စရာကောင်းတဲ့ အခိုက်အတန့်တွေရှိခဲ့ပါတယ်။ အားလုံးထဲမှာ အနှစ်သက်ဆုံးကတော့ MAMA 2016 မှာ Suho နဲ့ V တို့ နွေးထွေးစွာဖတ်နေတဲ့ ချစ်စရာကောင်းတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။

Chanyeol နဲ့ Jin

Chanyeol နဲ့ Jin တို့အကြောင်းကိုတော့ အားလုံးသိကြမယ်လို့ ထင်ပါတယ်။ 2017 ၊ 2018 KBS Festival မှာ MC တွေလုပ်ခဲ့ကြပါတယ်။ အခုအချိန်အထိ သူတို့ရဲ့ MC ဗီဒီယိုအတိုလေးတွေဟာ ပြန် ကြည့်တိုင်း ခွီနေရတာဖြစ်ပါတယ်။

D.O နဲ့ Jin

BTS အဖွဲ့ဟာ သူတို့ရဲ့ Twitter အကောင့်ပေါ်မှာ D.O. ရဲ့ ရုပ်ရှင်ကို အားပေးမှုပြုလုပ်ခဲ့ဖူးပါတယ်။ အဲဒီမှာ Jin ရဲ့ Tweet ကြောင့် ပရိသတ်တွေက Jin နဲ့ D.O. တို့ရင်းနှီးတယ်ဆိုပြီး ယူဆခဲ့ကြပါတယ်။

Chanyeol နဲ့ Jimin (The Park’s)

မာစတာ Park နှစ်ယောက် ဘယ်လောက်ထိ ရင်းနှီးခဲ့သလဲဆိုတာ ပုံက သက်သေဖြစ်ပါတယ်။

နောက်ထပ် BTS နဲ့ EXO ကြားက ချစ်စရာကောင်းတဲ့အခိုက်အတန့်တွေ အများကြီးရှိသေးပြီး ပရိသတ်တွေအနေနဲ့ ကြည့်မဝဖူးဆိုရင် YouTube မှာ ရှာဖွေကြည့်ရှုနိုင်ပါတယ်လို့လည်း ထပ်လောင်း ပြောပါရစေ။

-m2t
Ref: Allkpop

You cannot copy content of this page