— မင်းသားကြီး Choi Joon Yong က သူ့ရဲ့ဇနီးဖြစ်သူကို ဘာကြောင့်ကွာရှင်းလိုက်သလဲဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
မင်းသားကြီး Choi Joon Yong ဟာ MBN’s ‘Dongchimi’ အစီအစဉ်မှာပါဝင်ခဲ့ပြီး ရင်ဖွင့်ခဲ့တာပါ။
“ ကျွန်တော့်ရဲ့ အိမ်ထောင် သက်တမ်းက 2 နှစ်ဖြစ်ပါတယ်။ ကျွန်တော် ကွာရှင်းပြီးတဲ့အခါမှာ နောင် တတွေတော့မရဘဲ 18လအရွယ် သားဖြစ်သူအကြောင်းပဲ စဉ်းစားနေခဲ့ပါတယ်။ ကျွန်တော်ဟာ သားနဲ့ ကျွန်တော်နဲ့ ခွဲမသွားချင်ပါဘူး။
တစ်နေ့ ကျွန်တော့််အမေက ကျွန်တော့်ကို အိမ်ကိုအမြန်ပြန်လာဖို့ပြောပါတယ်။ ဘာလို့လည်းဆိုတော့ သားဟာ Preschool ဆရာမကို ဘာကြောင့် သူ့မှာ အမေမရှိတာလဲလို့ မေးခဲ့တာပါ။ အဲဒီနောက်ပိုင်း မှာတော့ သားဟာ ကျွန်တော့်အမေ (သူ့အဖွား)ကို အမေလို့ပဲ ခေါ်ပါတော့တယ်။ သားဖြစ်သူဟာ ကျွန်တော့်အမေကို သူ့အမေဟုတ်တယ်မှတ်လားဆိုပြီးတော့ ခဏခဏမေးတာကို ကျွန်တော်ကြားခဲ့ ရပါတယ်” လို့ Choi Joon Yong က ရင်ဖွင့်ခဲ့ပါတယ်။
နောက်ပြီး မင်းသားကြီး Choi Joon Yong က “ 2004 ခုနှစ်မှာ သူဟာ ဝမ် သန်း 400 လောက်စု ဆောင်းမိခဲ့ပါတယ်။ 2000 ခုနှစ်ဝန်းကျင်တုန်းက သန်း 400 ပိုက်ဆံဟာ တော်တော်အဖိုးတန်ပါ တယ်။ မိန်းမဖြစ်သူကို သေချာသိမ်းဖို့ ကျွန်တော်မှာခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ကုန်မှာတော့ အဲဒီပိုက်ဆံ တွေမရှိတော့ပါဘူး။ အဲဒါဟာ အဓိကအကြောင်းပြချက်တစ်ခုဖြစ်ခဲ့ပြီး ကျွန်တော့်ကို မြန်မြန်ကွာရှင်းဖို့ သူမက တောင်းဆိုခဲ့တာပါ” လို့လည်း ဆက်ပြောခဲ့ပါတယ်။
-m2t
Ref: Allkpop