Articles

■ Jimin ရဲ့ အိမ်မက်ကို ဘယ်လိုထောက်ခံပေးခဲ့သလဲဆိုတာကို ဖခင်ဖြစ်သူ ဖွင့်ဟ

—- BTS အဖွဲ့ဝင် Jimin ဟာ K-pop Star တစ်ဦးဖြစ်လာဖို့ အိမ်မက်အတွက် ဖခင်ဖြစ်သူရဲ့ ထောက်ခံမှုကို ဘယ်လိုရခဲ့သလဲဆိုတာ…

Jimin ရဲ့ ဖခင်ဖြစ်သူဟာ Busan High School of Arts ကျော်းမဂ္ဂဇင်းနဲ့ အင်တာ ဗျူးပြုလုပ်ခဲ့ပြီး အဲဒီမှာ ပြောခဲ့တာဖြစ်ပါတယ်။ Busan High School of Arts ဟာ Training ဘဝတုန်း က Jimin တက်ခဲ့တဲ့ ကျောင်းလည်းဖြစ်ပါတယ်။

“ အရင်ဆုံးအနေနဲ့ Busan High School of Arts ကျောင်းကို Jimin တက်မယ်လို့ ပြောတဲ့အချိန် ကျွန်တော်တို့သူ့စကားကို ဘာကြောင့် နားထောင်ခဲ့သလဲဆိုတာကို ပြောပါရစေ။

Jimin အလယ်တန်းကျောင်း နောက်ဆုံးနှစ်မှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အက်ဆေးရေးကာ ကျွန်တော်တို့မိဘတွေကို ပြသခဲ့ပါတယ်။ သူရေးထားတာက သူ့အနေနဲ့ မော်ဒန် High Dance ကျောင်းကို တက်ချင်ကြောင်းနဲ့ သူအမြဲတမ်းစိတ်ဝင်စားခဲ့တဲ့ K-pop နဲ့ပေါင်းစပ်ချင်တယ်ပြောခဲ့တာ ပါ။ သူ့ရဲ့ အိပ်မက်က တစ်နေ့ K-pop Star ဖြစ်ချင်တယ်လို့ ရေးသားခဲ့တာပါ။

Jimin ဟာ ငယ်ငယ်လေးကတည်းက သူဟာ အလွန်ထူးချွန်တဲ့ Dancer တစ်ဦးမဟုတ်ပါဘူး။ ဒါပေမဲ့ အဆိုတော့ ကောင်းမွန်ပါတယ်။ အခြေခံပညာကျောင်း 5 တန်းလောက်မှာ သူ့ရဲ့ ချောမွေ့တဲ့ Maya’s ‘Azalea’ သီဆိုမှုကို ကျွန်တော် မှတ်မိပါသေးတယ်။

Jimin ဟာ သချာၤနဲ့ သိပ္ပံမှာ အလွန်ထူးချွန်တဲ့သူဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို ကျွန်တော် သိပ္ပံ ကျောင်းသွားစေချင်ခဲ့တာပါ။ ဒါပေမဲ့လည်း Jimin ရဲ့ အိပ်မက်နဲ့ပတ်သက်ပြီး ကျွန်တော် ဆန့်ကျင် ဖက်တော့မလုပ်ခဲ့ပါဘူး။ Jimin ဟာ ငယ်ငယ်လေးကတည်းက ယဉ်ကျေးပြီး ရင့်ကျက်တဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ အိပ်မက်ကို ဆန့်ကျင်ဘက်လုပ်မယ့်အစား ဆုံးဖြတ်ချက်ကို လေးစားပေးခဲ့ပါ တယ်” လို့ ပြောခဲ့ပါတယ်။

-m2t
Ref: SBSstar

Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။

You cannot copy content of this page