— – – JYP Entertainment နဲ့လမ်းခွဲလိုက်ပြီလို့ သတင်းထွက်ပြီး အတည်ပြုချက်ထုတ်ပြန်ခဲ့တာက …
JYP Entertainment နဲ့ GOT7 အဖွဲ့ ဒီလအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းမတိုးဖို့ ဆုံးဖြတ်လိုက်ပြီး ကိုရီးယားမီဒီယာတွေက ဖော်ပြပြီးနောက်မှာ Jackson က ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့တာပါ။
Sina Entertainment က Weibo ကနေ Jackson ရဲ့ အေဂျင်စီ Team Wang က ဆက်သွယ်ပြီး အခုလက်ရှိ JYP Entertainment နဲ့ GOT7 အဖွဲ့ လက်ရှိအခြေအနေကို မေးမြန်းကာ သူတို့ထုတ်ပြန်ချက်ကို ဖော်ပြခဲ့ပါတယ်။
“JYP Entertainment နဲ့ စာချုပ်သက်တမ်းပြည့်ရင် Jackson အနေနဲ့ Team Wang ကို ပြန်လာမှာပါ။ သူရဲ့ အနုပညာလှုပ်ရှားမှုတွေကို ကျွန်တော်တို့ စီမံပေးမှာပါ။ Jackson အနေနဲ့ အနာဂတ်မှာ ကမ္ဘာအနှံ့ အနုပညာလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်မှာပါ” – Team Wang
JYP Entertainment နဲ့ GOT7 အဖွဲ့ အကွဲအပြဲထွက်လာပြီးနောက်မှာ အခုလို Confrim လုပ်တာက Jackson က ပထမဆုံးဖြစ်ပြီး Mark ကလည်း ဒီနေ့အစောပိုင်းမှာ သူတို့အတူ ရှိနေမယ်လို့ ပို့စ်တင်ခဲ့သလို၊ GOT7 အဖွဲ့ဝင်တွေကပါ သူတို့အတူ ရှိနေမယ်လို့ ပို့စ်တင်ခဲ့ကြတာပါ။
— ဃဲ
Ref: Koreaboo
*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***