Articles

■ T.O.P မန်နေဂျာနဲ့ GD Stylist မင်္ဂလာဆောင်ကို BIGBANG ပို့ခဲ့တဲ့ ပန်းစည်းနဲ့ မက်ဆေ့ချ်

— – – သူတို့ရဲ့ နောက်ပြောင်မှုနဲ့ ချစ်စရာကောင်းမှုကတော့ …

King of K-Pop လို့ တင်စားကြတဲ့ BIGBANG ကို ပရိသတ်တွေ အသည်းစွဲ ချစ်ကြတာ သူတို့ရဲ့ ပါရမီ၊ ဖန်တီးနိုင်စွမ်းတွေကြောင့် ဖြစ်သလို၊ တစ်ဖက်မှာလည်း သူတို့ရဲ့ ရိုးသားမှုနဲ့ နောက်ပြောင်တတ်မှုတို့ကြောင့် ဖြစ်ပါတယ်။

BIGBANG အဖွဲ့ဝင်တွေဖြစ်တဲ့ T.O.P ရဲ့ မန်နေဂျာနဲ့ GD ရဲ့ Stylist တို့ဟာ မေတ္တာမျှပြီး မင်္ဂလာဆောင်ခဲ့ကြပါတယ်။ အဲဒီမင်္ဂလာပွဲကို BIGBANG တစ်ဖွဲ့လုံးတက်ရောက်ခဲ့ကြပြီး ပန်းစည်းပါ ပို့ခဲ့တာပါ။

အဲဒီပန်းစည်းမှာ ရေးသားထားတဲ့ စာက ပရိသတ်တွေကို ပြုံးရယ်စေတာဖြစ်ပြီး သူတို့ရဲ့ အချိန်ကိုက်နောက်ပြောင်မှုနဲ့ ချစ်စရာကောင်းမှုက ပရိသတ်တွေကို အချစ်ပိုစေခဲ့တာ ဖြစ်ပါတယ်။

အဲဒီပန်းစည်းမှာ BIGBANG အဖွဲ့ဝင်တွေ ရေးထားတဲ့စာသားက “အနာဂတ်မှာ အေဂျင်စီလူတွေ အချင်းချင်း ချစ်ကြိုက်တာကို ပိတ်ပင်တယ်”ဆိုပြီး ဖြစ်ပါသတဲ့။

T.O.P မန်နေဂျာနဲ့ GD Stylist မင်္ဂလာဆောင်မှာ အဲဒီပန်းစည်းနဲ့ စာသားကြောင့် သတိုးသားနဲ့ သတိုးသမီး ရယ်မောခဲ့ကြသလို၊ ပွဲကို တက်ရောက်သူတိုင်းလည်း ရယ်မောခဲ့ကြတယ်လို့ ဆိုပါတယ်။

— ဃဲ
Ref: RY & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

 

You cannot copy content of this page