K pop

■ JYP Entertainment နဲ့ လမ်းခွဲပြီးရင် GOT7 အဖွဲ့ဝင်တွေ ဘယ်သွားကြမလဲ ?

— – – Jackson ကတော့ သူ့ရဲ့အေဂျင်စီ Team Wang နဲ့ ဆက်လှုပ်ရှားမယ်လို့ အတည်ပြုထားပြီး တခြားအဖွဲ့ဝင်တွေအနေနဲ့ ဘာလို့ဆက်သွားမလဲဆိုတာ …

JYP Entertainment နဲ့ GOT7 အဖွဲ့ရဲ့ ယခုဇန်နဝါရီလအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အဖွဲ့ဝင်အားလုံးက အေဂျင်စီနဲ့လမ်းခွဲဖို့ ဆုံးဖြတ်လိုက်လို့ ကိုရီးယားအခြေစိုက်မီဒီယာတွေက ဖော်ပြခဲ့သလို၊ အဖွဲ့ဝင်တွေကလည်း အဲဒီသတင်းတွေ မှန်ကန်ကြောင်း အရိပ်အမြွက်ပြတဲ့ ပို့စ်တွေကို လူမှုကွန်ရက်တွေမှာ ဝေမျှခဲ့ပါတယ်။

JYP Entertainment ကတော့ အခုထက်ထိ အဲဒီသတင်းတွေကို အတည်ပြုခြင်းမရှိသေးပါဘူး။ ဒီနေရာမှာ JYP Entertainment နဲ့ လမ်းခွဲပြီးရင် GOT7 အဖွဲ့ ဘာဆက်လုပ်မလဲ၊ အဖွဲ့ဝင်တွေ ဘယ်သွားမလဲဆိုတာပါပဲ။ လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရဆိုရင်တော့ …

သရုပ်ဆောင်မင်းသားအဖြစ်ပါ အောင်မြင်နေတဲ့ Jinyoung က BH Entertainment နဲ့ စာချုပ်ချုပ်မယ်လို့ သတင်းထွက်နေပါတယ်။ BH Entertainment နဲ့ လက်တွဲရင်တော့ Jinyoung က သရုပ်ဆောင်လောကမှာ ပိုမြင်ရဖို့ ရှိပါတယ်။ Yugyeom ကတော့ 2PM အဖွဲ့ခေါင်းဆောင် Jay Park တည်ထောင်ထားတဲ့ AOMG နဲ့ လက်တွဲမယ်လို့ သတင်းထွက်နေတာပါ။

Youngjae ကတော့ Sublime Artist အေဂျင်စီကို ပြောင်းမယ်လို့ သတင်းထွက်နေပြီး သူတို့က Youngjae ရဲ့ ဂီတလှုပ်ရှားမှုတွေကို လုပ်ပေးသွားမယ်လို့ ဆိုပါတယ်။ အဖွဲ့ခေါင်းဆောင် JB ကတော့ Hip Hop အေဂျင်စီတစ်ခုနဲ့ Global Record Label တစ်ခုက ချိတ်ဆက်နေပြီး Solo Artist အဖြစ် လှုပ်ရှားစေမယ်လို့ သတင်းထွက်နေပါတယ်။

Jackson ကတော့ သူ့ရဲ့အေဂျင်စီ Team Wang နဲ့လှုပ်ရှားမယ်လို့ အတည်ပြုထားပြီး ထိုင်း K-Pop Idol ဖြစ်တဲ့ BamBam ကိုတော့ MAKEUS Entertainment က ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ BamBam အနေနဲ့ ထိုင်းမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်နေတာပါ။

Mark ကတော့ အမေရိကန်ကို ပြန်သွားမှာဖြစ်ပြီး ကိုယ်ပိုင် YouTube channel ဖွင့်မှာဖြစ်ကာ အနုပညာလှုပ်ရှားမှုတွေကိုလည်း အမေရိကန်မှာပဲ လှုပ်ရှားဖို့ စီစဉ်နေတယ်လို့ သတင်းထွက်နေပါတယ်။ GOT7 အဖွဲ့ဝင်တွေအနေနဲ့ ပြန်လည်စုံစည်းဖို့ စီစဉ်နေပြီး အဲဒီမတိုင်ခင် တစ်ဦးလှုပ်ရှားမှုတွေ ပြုလုပ်သွားမယ်လို့ အတွင်းလူတစ်ဦးက ပြောဆိုခဲ့ပါတယ်။

— ဃဲ
Ref: KPZ & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

 

You cannot copy content of this page