K pop

■ Rosé နဲ့ အတူရှိနေစဉ် မပြောမဆို ငိုခဲ့ဖူးကြောင်း Lisa ဖွင့်ဟ

— – – နေရခက်တဲ့ အနေအထားကြောင့် နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် အော်ဟစ်ခဲ့ကြပါသတဲ့။ အကြောင်းကတော့ …

BLACKPINK အဖွဲ့ရဲ့ အငယ်လေးဖြစ်တဲ့ Lisa နဲ့ Rosé တို့ဟာ ညီအစ်မတွေကို ချစ်ခင်သူတွေ ဖြစ်ပြီး တစ်ခါတုန်းကတော့ Lisa ဟာ Rosé နဲ့အတူ ရှိနေစဉ် ငိုခဲ့ဖူးတယ်လို့ ပြောဆိုခဲ့ပါတယ်။

MBC FM4U ရဲ့ Kim Shin Young Noon’s Songs of Hope အစီအစဉ်မှာ BLACKPINK အဖွဲ့ပါဝင်ခဲ့တုန်းက Lisa ဟာ Rosé နဲ့အတူ Be With You ဇာတ်ကား ကြည့်နေစဉ် ငိုခဲ့ဖူးကြောင်း ဖွင့်ဟခဲ့တာပါ။

Lisa က “အဲဒီတုန်းက Rosé နဲ့အတူ Be With You ဇာတ်ကား ကြည့်နေခဲ့တာပါ”လို့ ဆိုပါတယ်။ Rosé က “အဲဒီတုန်းက ဇာတ်ကားက TV က လာတာပါ။ ကျွန်မတို့ TV ဖွင့်ထားပေမဲ့ TV ကို သိပ်အာရုံမစိုက်ဘဲ စားသောက်ရင်းနဲ့ ဘာရယ်မဟုတ် ကြည့်နေခဲ့တာပါ။

ဒါပေမဲ့ ကြေကွဲစရာ ဇာတ်ဝင်ခန်းတစ်ခန်းလည်း ရောက်ရော ကျွန်မတို့ တစ်ယောက်ကို တစ်ယောက်ကြည့်မိပြီး နှစ်ယောက်စလုံး မျက်ရည်တွေ ရစ်ဝဲနေကြတယ်။ ဒါက ကိုးရိုးကားယားနိုင်ပြီး အဲဒီတုန်းက ငိုဖို့ကလည်း ရှက်စရာကြီးဆိုတော့ မငိုမိအောင်ဆိုပြီး ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် အော်ဟစ်ခဲ့ကြပါတယ်”လို့ ပြောပြပါတယ်။

အဲဒီနောက်မှာတော့ Lisa က Rosé နဲ့ တစ်ယောက်ကို တစ်ယောက် အော်ဟစ်ခဲ့ကြပေမဲ့ သူ့အနေနဲ့ အဲဒီဇာတ်ဝန်ခန်းကြောင့် မထိန်းနိုင်ဘဲ ငိုခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီမှာ Jisoo က Lisa နဲ့ Rosé တို့ဟာ ရုပ်ရှင်တွေ၊ ဇာတ်ကားတွေကြည့်ရင်း ငိုလေ့ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

 

You cannot copy content of this page