K pop

■ ချစ်သူရှိတဲ့ ကောင်မလေးကိုမှ ချစ်မိတဲ့အခါ

— – – ဘယ်လိုခံစားရမယ်လို့ ထင်ပါသလဲ ? ဒါမျိုးကြုံတွေ့ဖူးတဲ့ G-Dragon ကတော့ …

အချစ်ဆိုတဲ့ အရာမျိုး ခက်ခဲတယ် မဟုတ်လား။ အချစ်မှာ ဘောင်တွေ၊ ကန့်သတ်ချက်တွေမရှိဘူး။ သတ်မှတ်ချက် မရှိဘူး။ ဘယ်သူ့ကိုတော့ မချစ်ရဘူး။ ဘယ်သူ့ကိုပဲ ချစ်ရမယ်ဆိုတာလည်း မရှိဘူး။ ဒီအတိုင်း ဖြစ်တည်လာတာဆိုတော့ တားရလည်း ခက်သား။

သူများ ရည်းစားကိုက ကိုယ့်ချစ်နေတာမျိုးတွေ ဒီကမ္ဘာပေါ်မှာ လူ ဘယ်နှယောက်များ ကြုံဖူးမလဲ။ ဒါက ဆိုးပေမဲ့ အချစ်ဆိုတာက အပေါ်က ပြောသလိုပဲလေ။ ထိန်းချုပ်လို့ မရတဲ့အရာမျိုးဆိုတော့လည်း။ ဒါမျိုးက ဖြစ်နိုင်တာပဲလေ။

BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ဟာ အချစ်ရေးနဲ့ပတ်သက်လို့ အတွေ့အကြုံအတော်လေးများသူပါ။ ဒါကို သူ့ရဲ့ အချစ်သီချင်းတွေ၊ အသည်းကွဲသီချင်းတွေက သက်သေပေါ့။ ဒီတော့ G-Dragon က သူများချစ်သူကိုမှ ချစ်မိတဲ့အခါလည်း ရှိဖူးမှာပေါ့။

ဒါနဲ့ ပတ်သက်လို့ G-Dragon က “ကျွန်တော့်ရည်းစားကိုမှ ကြိုက်တဲ့သူတွေကို ကျွန်တော် ဒေါပွမှာပေါ့။ ဒါပေမဲ့ ချစ်သူကောင်လေး ရှိတဲ့ ကောင်မလေးကို ကျွန်တော် ချစ်မိမယ်ဆိုရင်တော့ ရအောင် လိုက်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါက နောက်တာပါ။ တကယ်က မဖြစ်နိုင်ပါဘူး။ ရည်းစားရှိတဲ့ ကောင်မလေးကို ကျွန်တော် ချစ်ခဲ့ဖူးပါတယ်။ ဒါက တကယ်ကို နှလုံးကွဲစရာပါပဲ။ ဒီတော့ ရည်းစားရှိတဲ့သူတွေကို မချစ်ကြပါနဲ့”လို့ ဆိုပါတယ်။

၂၀၁၇ မှာ Solo ထွက်ပြီးနောက် သီချင်းသစ်ထွက်ခြင်းမရှိသေးသလို၊ စစ်မှုထမ်းပြီးနောက်မှာလည်း ဂီတနဲ့ပတ်သက်ပြီး လှုပ်ရှားမှု မရှိသေးတဲ့ G-Dragon ဟာ ဒီနှစ်အတွင်း Solo Comeback လုပ်ဖို့ စီစဉ်နေတယ်လို့ ၂၀၂၀ ကတည်းက YG က အတည်ပြုထားပေမဲ့ ဘယ်အချိန်ထွက်မယ်ဆိုတာတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

— ဃဲ
Ref: Al & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page