— – – အပေါ်ပိုင်းဗလာကျင်းနဲ့ Dawn ရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုအောက်မှာ HyunA ဖြစ်နေပုံက …
ကိုရီးယားနာမည်ကျော် တစ်ကိုယ်တော်အမျိုးသမီးအဆိုတော် HyunA ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက IG မှာ သူနဲ့ သူ့ရဲ့ချစ်သူ Dawn တို့ ရိုက်ကူးထားတဲ့ Underwear ရိုက်ကွင်းက ဗီဒီယိုဖိုင်အတိုလေးကို တင်ခဲ့ပါတယ်။
အဲဒီဗီဒီယိုမှာ Dawn ရဲ့ Underwear ကြော်ငြာရိုက်ကူးတာကို ကြည့်ပြီး အရှက်ပိုကာ နေရာမရှိဖြစ်နေတဲ့ HyunA ကို မြင်တွေ့ခဲ့ရသလို၊ ရှက်ကလည်း ရှက်၊ ကြည့်ကလည်း ကြည့်ချင်ဖြစ်နေတဲ့ သူမရဲ့ အရှက်ပိုပုံက ပရိသတ်တွေကို အချစ်ပိုစေခဲ့ပါတယ်။
HyunA ဟာ အဲဒီဗီဒီယိုဖိုင်လေးနဲ့အတူ “ကျွန်မတော့ ဒါကို မကြည့်နိုင်ဘူး။ သူက အလုပ်ကြိုးစားနေရင် အရမ်း ကြည့်လို့ကောင်းတယ်”ဆိုပြီး ရေးသားခဲ့ပါတယ်။
အဲဒီကြော်ငြာကို HyunA နဲ့ Dwan တို့ တစ်ယောက်တစ်လှည့်စီ ရိုက်ကူးခဲ့သလို၊ အတူတွဲပြီး ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။ HyunA အနေနဲ့ ဇန်နဝါရီ (၂၈)ရက်မှာ Comeback လုပ်မယ်လို့ ကြေညာထားပါတယ်။
— ဃဲ
Ref: AKP & Photos Credit
*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***