K pop

■ စာချုပ်သက်တမ်း တိုးမြှင့်ရန် ကြိုးပမ်းခဲ့ပေမဲ့ သဘောတူညီမှုမရခဲ့လို့ GOT7 အဖွဲ့ဝင်တွေနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း JYP Entertainment တရားဝင် ထုတ်ပြန်

-UNICODE

– – -GOT7 အဖွဲ့ဝင်တွေနဲ့ လမ်းခွဲလိုက်ဖြစ်ဆိုတဲ့အကြောင်း JYP ဘက်က တရားဝင် ထုတ်ပြန်ခဲ့…..

JYP Entertainment ကတော့ GOT7 အဖွဲ့ဝင်တွေနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့အကြောင်း တရားဝင် ထုတ်ပြန်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဇန်နဝါရီ (၁၀) ရက်နေ့မှာ နာမည်ကျော် သတင်းဌာန Dispatch က GOT7 အဖွဲ့ဝင်တွေအနေဲ့ JYP Entertainment နဲ့ စာချုပ်သက်တမ်း တိုးမြှင့်တော့မှာ မဟုတ်ဘူးလို့ ဖော်ပြခဲ့ပါတယ်။ ဇန်နဝါရီ (၁၁) ရက်နေ့မှာတော့ JYP Entertainment ဘက်ကနေ GOT7 နဲ့ စာချုပ်သစ် မချုပ်ဆိုဘဲ လမ်းခွဲတော့မဲ့ တရားဝင် ထုတ်ပြန်သွားခဲ့ပါတယ်။

“ဟယ်လို..JYP ကပါ။ ဇန်နဝါရီ (၁၉) ရက်နေ့မှာ ကုန်ဆုံးမဲ့ GOT7 အဖွဲ့ဝင်တွေရဲ့ စာချုပ်သက်တမ်းအတွက် JYP ဘက်က ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ နှစ်ဦးနှစ်ဖက် စာချုပ်သက်တမ်း တိုးမြှင့်ဖို့ သဘောတူညှီမှု မရရှိခဲ့ကြပါဘူး။

GOT7 ဟာ ပွဲထွက်ခဲ့တဲ့ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ (၁၆) ရက်နေ့က စတင်ပြီး K-pop ကို ကိုယ်စားပြုကာ Global Idol အဖွဲ့အဖြစ် တင်ဆက်ခဲ့တာပါ။ K-pop နဲ့ JYP တို့ရဲ့ အစိတ်အပိုင်းဖြစ်ခဲ့တဲ့အတွက် GOT7 ကို ကျွန်တော်တို့ လေးလေးနက်နက် ကျေးဇူးတင်လိုပါတယ်။

ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက အဆုံးသတ်သွားပေမဲ့ GOT7 အဖွဲ့ဝင်တွေအနေနဲ့ အနာဂတ်ကို အကောင်းဆုံး ရှေ့ဆက်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်”
-JYP Entertainment

JYP Entertainment အနေနဲ့ GOT7 အဖွဲ့အပေါ် မမျှမတ ဆက်ဆံမှုတွေ ရှိခဲ့တယ်လို့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ GOT7 အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jackson က Team Wang နဲ့ လှုပ်ရှားမှုတွေ ဆက်လုပ်မှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

-ZAWGYI

■ စာခ်ဳပ္သက္တမ္း တိုးျမွင့္ရန္ ႀကိဳးပမ္းခဲ့ေပမဲ့ သေဘာတူညီမႈမရခဲ့လို႔ GOT7 အဖြဲဲ႕၀င္ေတြနဲ႔ လမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္း JYP Entertainment တရား၀င္ ထုတ္ျပန္

– – -GOT7 အဖြဲ႕ဝင္ေတြနဲ႔ လမ္းခြဲလိုက္ျဖစ္ဆိုတဲ့အေၾကာင္း JYP ဘက္က တရားဝင္ ထုတ္ျပန္ခဲ့…..

JYP Entertainment ကေတာ့ GOT7 အဖြဲ႕ဝင္ေတြနဲ႔ လမ္းခြဲလိုက္ၿပီဆိုတဲ့အေၾကာင္း တရားဝင္ ထုတ္ျပန္သြားခဲ့ၿပီ ျဖစ္ပါတယ္။

ဇန္နဝါရီ (၁၀) ရက္ေန႔မွာ နာမည္ေက်ာ္ သတင္းဌာန Dispatch က GOT7 အဖြဲ႕ဝင္ေတြအေနဲ႔ JYP Entertainment နဲ႔ စာခ်ဳပ္သက္တမ္း တိုးျမႇင့္ေတာ့မွာ မဟုတ္ဘူးလို႔ ေဖာ္ျပခဲ့ပါတယ္။ ဇန္နဝါရီ (၁၁) ရက္ေန႔မွာေတာ့ JYP Entertainment ဘက္ကေန GOT7 နဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ဆိုဘဲ လမ္းခြဲေတာ့မဲ့ တရားဝင္ ထုတ္ျပန္သြားခဲ့ပါတယ္။

“ဟယ္လို..JYP ကပါ။ ဇန္နဝါရီ (၁၉) ရက္ေန႔မွာ ကုန္ဆုံးမဲ့ GOT7 အဖြဲ႕ဝင္ေတြရဲ႕ စာခ်ဳပ္သက္တမ္းအတြက္ JYP ဘက္က ေဆြးေႏြးခဲ့ၾကပါတယ္။ ဒါေပမဲ့ ႏွစ္ဦးႏွစ္ဖက္ စာခ်ဳပ္သက္တမ္း တိုးျမႇင့္ဖို႔ သေဘာတူညႇီမႈ မရရွိခဲ့ၾကပါဘူး။

GOT7 ဟာ ပြဲထြက္ခဲ့တဲ့ ၂၀၁၄ ခုႏွစ္၊ ဇန္နဝါရီ (၁၆) ရက္ေန႔က စတင္ၿပီး K-pop ကို ကိုယ္စားျပဳကာ Global Idol အဖြဲ႕အျဖစ္ တင္ဆက္ခဲ့တာပါ။ K-pop နဲ႔ JYP တို႔ရဲ႕ အစိတ္အပိုင္းျဖစ္ခဲ့တဲ့အတြက္ GOT7 ကို ကြၽန္ေတာ္တို႔ ေလးေလးနက္နက္ ေက်းဇူးတင္လိုပါတယ္။

ကြၽန္ေတာ္တို႔ရဲ႕ ဆက္ဆံေရးက အဆုံးသတ္သြားေပမဲ့ GOT7 အဖြဲ႕ဝင္ေတြအေနနဲ႔ အနာဂတ္ကို အေကာင္းဆုံး ေရွ႕ဆက္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ရပါတယ္”
-JYP Entertainment

JYP Entertainment အေနနဲ႔ GOT7 အဖြဲ႕အေပၚ မမွ်မတ ဆက္ဆံမႈေတြ ရွိခဲ့တယ္လို႔ သတင္းေတြလည္း ထြက္ေပၚခဲ့ပါတယ္။ GOT7 အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ Jackson က Team Wang နဲ႔ လႈပ္ရွားမႈေတြ ဆက္လုပ္မွာျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

You cannot copy content of this page