– – – ပရိသတ်တွေအကြား နာမည်ကျော်ခဲ့တဲ့ ဒီ OST သီချင်းတွေကို ဇာတ်လမ်းတွဲတွေ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေ ကိုယ်တိုင် သီဆိုခဲ့ကြတာပါ။
Because Of You
STRONG WOMEN DO BONG SOON က နာမည်ကျော် OTS တစ်ပုဒ်ဖြစ်တဲ့ Because Of You ကို ခေါင်းဆောင်းမင်းသား Park Hyung Sik ကိုယ်တိုင် သီဆိုခဲ့တာဖြစ်ပါတယ်။
Someday
Dream High ထဲက OST သီချင်းတော်တော်များများဟာ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ စွဲခဲ့ပါတယ်။ အဲဒီအထဲက နာမည်ကျော်တစ်ပုဒ်ဖြစ်တဲ့ Someday ကိုတော့ IU ကိုယ်တိုင် သီဆိုခဲ့တာပါ။ အဲဒီကတည်းက အခုအချိန်ထိ IU ဟာ သူမရဲ့ ဖျော်ဖြေပွဲတွေမှာ Someday သီချင်းကို ခဏခဏ သီဆိုခဲ့ပါတယ်။
For You
နာမည်ကျော် Moon Lovers ဇာတ်လမ်းတွဲဟာလည်း OST သီချင်းကောင်းများစွာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့တာပါ။ For You ဆိုတဲ့သီချင်းကလည်း ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ အလွန်နားထောင်လို့ကောင်းပြီး EXO-CBX က သီဆိုထားတာပါ။
I Love You Boy
WHILE YOU WERE SLEEPING ထဲမှာ Suzy ကိုယ်တိုင်သီဆိုထားတဲ့ I Love You Boy ဆိုတဲ့ OST ကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တာပါ။
My Everything
ဇာတ်လမ်းတွဲ ပရိသတ်တွေကြားမှာ ၀က်ဝက်ကွဲအောင်မြင်ခဲ့တဲ့ Boys Over Flowersဟာ ဇာတ်လမ်းတွဲသာမက OST သီချင်းတွေကလည်း နားထောင်လို့ ကောင်းခဲ့တာပါ။ ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ နာမည်ကျော် OST My Everything ကိုတော့ Lee Min Ho ကိုယ်တိုင် ဆိုခဲ့တာပါ။
Chi Ko
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *