K pop

■ ပရိသတ်ကို လိမ်ညာခဲ့တယ်ဆိုပြီး ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ခံခဲ့ရတဲ့ K-pop Idol များ

– – -သူတို့တွေဟာ အပြောနဲ့အလုပ် လက်တွေ့မကျဘူးလို့ တောင်ကိုရီးယားပရိသတ်တွေက ယူဆကာ ဝေဖန်ခဲ့ကြတာပါ။

Jaejoong (JYJ)

jaejong ကတော့ April Fool Day မှာ သူ့အနေနဲ့ COVID-19 ကူးစက်ခံလိုက်ရတယ်ဆိုပြီး Fool လုပ်ခဲ့တာပါ။ အစပိုင်းမှာတော့ ပရိသတ်တွေက တကယ်ထင်မှတ်ပြီး သူ့အတွက် စိုးရိမ်ခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်မှာမှ သူ့အနေနဲ့ April Fool လုပ်ခဲ့တာဖြစ်ကြောင်း ဖြေရှင်းခဲ့ချိန်မှာတော့ ဝေဖန်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။

Jessica(SNSD အဖွဲ့ဝင်ဟောင်း)

ဖက်ရှင်လမ်းကြောင်းဘက် လျှောက်လှမ်းတော့မယ်ဆိုတာ SNSD အဖွဲ့ကနေ ထွက်သွားပြီး ကိုရီးယားမှာ Solo Debut လုပ်ခဲ့ချိန်မှာတော့ Jessica ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ Jessica ဟာ career နဲ့ပတ်သက်ပြီး လိမ်ညာခဲ့တယ်ဆိုကာ ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။

Yewon

Yewon ဟာ Lee Tae Im နဲ့ စကားပြောရာမှာ စိတ်မပါလက်မပါ ပြောဆိုခဲ့ရာမှ သူမတို့ စကားများခဲ့တာပါ။ အဲဒီနောက် Yewon က သူမအနေနဲ့ Lee Tae Im ကို စိတ်မပါ၊ လက်မပါ မပြောဘူးလို့ဆိုခဲ့ပေမယ့် နောက်မှာတော့ ဗီဒီယိုဖိုင် ထွက်လာခဲ့ရာ အလိမ်ပေါ်သွားခဲ့ပါတယ်။

Sunye

Wonder Girls အဖွဲ့ဝင်ဟောင်း Sunye ကတော့ ၂၀၁၂ ခုနှစ်မှာ James Park နဲ့ လက်ထပ်တော့မယ်ဆိုတဲ့အကြောင်း အသိပေးပြီး စာချုပ်မကုန်ဆုံးမီမှာပဲ Wonder Girls အဖွဲ့ကနေ နုတ်ထွက်သွားခဲ့ပါတယ်။ အဲဒီနောက် သူမဟာ ကနေဒါမှာပဲ အေးအေးဆေးဆေး နေတော့မယ်လို့လည်း ဆိုခဲ့ပါတယ်။ ဒါပေမဲ့ အနုပညာလောကထဲပြန်လာမယ်လို့ ထုတ်ပြန်ခဲ့ပြီးနောက်မှာတော့ သူမကို ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။

MC Mong

သူကတော့ Idol တစ်ယောက်မဟုတ်ပေမယ့်လည်း ၂၀၁၀ ခုနှစ်အတွင်း စစ်မှုမထမ်းဆောင်ချင်လို့ လိမ်ညာခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဒီနေ့အချိန်အထိ ဝေဖန်ခံနေရဆဲပါ။ MC Mong ဟာ စစ်မှုမထမ်းချင်လို့ သွားတွေကို နုတ်ခဲ့ပြီး ကျန်းမာရေးကြောင့်လို့ အကြောင်းပြခဲ့တာပါ။ နောက်တော့လည်း အလိမ်ပေါ်သွားခဲ့ရတာပါ။

Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page