K pop

■ MOMOLAND Nancy အဝတ်လဲခန်းက ဝတ်လစ်စလစ်ပုံတွေ အွန်လိုင်းမှာ ဖြန့်ဝေသူတွေကို အရေးယူမယ်

— – – Nancy ရဲ့ဝတ်လစ်စလစ်ပုံတွေဟာ အွန်လိုင်းနဲ့ လူမှုကွန်ရက်မှာပျံ့နှံ့နေပြီး ….

MOMOLAND ရဲ့ အေဂျင်စီဖြစ်တဲ့ MLD Entertainment က MOMOLAND အဖွဲ့ဝင် Nancy ရဲ့ အဝတ်လဲခန်းက ပုံတွေကို အွန်လိုင်း၊ လူမှုကွန်ရက်တွေမှာ စတင်ခဲ့သူနဲ့ ဖြန့်ဝေခဲ့သူတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Nancy ဟာ အဲဒီဓာတ်ပုံတွေ အွန်လိုင်းမှာ ပျံ့နှံ့နေတာကြောင့် အတော်လေး ခံစားနေပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတောင် ရှိနေတယ်လို့လည်း သူတို့က ဖော်ပြခဲ့ပါတယ်။

MLD Entertainment ရဲ့ ထုတ်ပြန်ချက်မှာ “Nancy ရဲ့ တရားမဝင်ပုံရိပ်တွေဟာ အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။ Nancy ဟာ အဝတ်လဲခန်းမှာ အဝတ်လဲနေတုန်း မတရားဝင်ဓာတ်ပုံတွေ ရိုက်ကူးခံခဲ့ရတာဖြစ်ပြီး အဲဒီအတွက် တရားခံကို ရှာတွေ့ဖို့ ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။

ကျွန်တော်တို့အနေနဲ့ Nancy ရဲ့ ဝတ်လစ်စလစ်ပုံတွေကို ဖြန့်ချီခဲ့တဲ့ ပထမဆုံးပုဂ္ဂိုလ်ကို ရဲတိုင်ထားသလို၊ ဥပဒေအရ အရေးယူဖို့ အပူတပြင်း ဆောင်ရွက်နေပါတယ်။ ဒါက ဥပဒေချိုးဖောက်တာဖြစ်ပြီး လူတစ်ယောက်ရဲ့ အခွင့်အရေးကို ချိုးဖောက်တာလည်း ဖြစ်ပါတယ်။

ဒါ့ပြင် Nancy ရဲ့ အဝတ်လဲခန်းက ဓာတ်ပုံတွေကို တစ်ဆင့်ပြန်လည် Share လုပ်သူတွေကိုလည်း အရေးယူသွားမယ်လို့ အေဂျင်စီက ထုတ်ပြန်ခဲ့တာပါ။

— ဃဲ
Ref: Soompi & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page