K pop

■ Nancy ရဲ့ အဝတ်လဲခန်းကပုံတွေကို ဖြန့်တာ ဘယ်သူလဲ ?

— – – ဝတ်လစ်စလစ်ပုံတွေကြောင့် Nancy ခံစားနေရပြီး အဲဒီဓာတ်ပုံတွေကို စဖြန့်ခဲ့သူဟာ …

MOMOLAND အဖွဲ့ဝင် Nancy ဟာ Hidden Camera ရဲ့ တိုက်ခိုက်မှုနဲ့ ကြုံတွေ့နေရပြီး သူမရဲ့ အဝတ်လဲခန်းတွင်းက ဝတ်လစ်စလစ်ပုံတွေဟာ အွန်လိုင်းနဲ့ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတယ်လို့ သိရပါတယ်။

အခု အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ Nancy ရဲ့ အဝတ်လဲခန်းက ပုံတွေဟာ ၂၀၁၉ Asia Artist Awards အဝတ်လဲခန်းက ပုံတွေဖြစ်ပြီး Nancy အဝတ်လဲချိန်မှာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

အဲဒီဓာတ်ပုံတွေဟာ (၁၅)လအကြာမှာ အွန်လိုင်းမှာ အဖွဲ့ဝင် (၅၀၀)ကျော် ပါဝင်တဲ့ Group တစ်ခု စတင်ပျံ့နှံ့လာတာဖြစ်ပြီး အခုလူမှုကွန်ရက်တွေမှာပါ အတော်လေး ပျံ့နှံ့နေပြီလို့ သိရပါတယ်။

Twitter အကောင့်တစ်ခုဖြစ်တဲ့ @sanaskimchi ကတော့ Nancy ရဲ့ ၂၀၁၉ Asia Artist Awards အဝတ်လဲခန်းက ပုံတွေကို ရိုက်ကူးပြီး အွန်လိုင်းမှာတင်ခဲ့တာဟာ MOMOLAND အေဂျင်စီ MLD Entertainment က ဝန်ထမ်းတစ်ဦးဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

သူက ဘယ်သူဘယ်ဝါဆိုတာကိုတော့ ဖော်ပြခြင်းမရှိဘဲ ဝန်ထမ်းတွေထဲတစ်ဦးလို့သာ ဖော်ပြခဲ့တာဖြစ်ပြီး MOMOLAND အေဂျင်စီ MLD Entertainment ကတော့ Nancy ရဲ့ အဝတ်လဲခန်းက ပုံတွေကို ဖြန့်ချီခဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပြီး ပူးပေါင်းပါဝင်ကြဖို့ ပရိသတ်တွေကို တောင်းဆိုထားပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page