K pop

■ Album သစ်အတွက် B.I အပါဝင် များစွာသော Featuring ပါဝင်မယ့် Artist တွေကို ထုတ်ပြန်ခဲ့တဲ့ Epik High

—- K-pop ဝါရင့် အမျိုးသားအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Epik High ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ 29 ရက်နေ့မှာ သူတို့ရဲ့ 10 ခုမြောက် Full-length Album ကိုထုတ်ဝေမယ်လို့ ကြေညာခဲ့ပြီး နာမည်က “Epik High Is Here.” ဖြစ်ပါတယ်။

Epik High ဟာ Park 1 ၊ Park 2 အနေနဲ့ Album ကိုထုတ်ဝေမှာဖြစ်ပြီး Park 1 ကို ဇန်နဝါရီလ 18 ရက်နေ့ ထုတ်လွှင့်မှာဖြစ်ကာ Track 10 ပုဒ်ပါဝင်မှာဖြစ်ပါတယ်။ ဇန်နဝါရီလ 6 ရက်နေ့မှာ သီချင်း ခေါင်းစဉ်တွေကို ဖော်ပြခဲ့ပြီး “Rosario” မှာ Featuring အဖြစ် Block B’s Zico ပါဝင်မယ်လို့ ပထမဆုံး သူတို့ Album ထဲက Featuring ပါဝင်မယ့် Artist ကို ဖော်ပြခဲ့ပါတယ်။

ဇန်နဝါရီ 7 ရက်နေ့မှာ Update အနေနဲ့ နောက်ထပ် ဒုတိယ Featuring Artist အနေနဲ့ CL ကိုကြေညာခဲ့ပါတယ်။ 8 ရက်နေ့မှာမှာ Heize ၊ Nucksal ၊ Kim Sawol နဲ့ Changmo တို့ကို ထပ်မံ ကြေညာခဲ့သလို Featuring Artist (6)ဦးအထိ ရှိသွားခဲ့ပါတယ်။

 

ဇန်နဝါရီလ 11 ရက်နေ့မှာတော့ နောက်ထပ် Update အနေနဲ့ နောက်ထပ် Featuring ပါဝင်သီဆိုပေး မယ့် Artist (4)ဦးကို ထပ်မံကြေညာခဲ့ပါတယ်။ သူတို့ကတော့ G.Soul (formerly known as Golden) ၊ Woo Won Jae ၊ Miso ၊ B.I. တို့ဖြစ်ပါတယ်။ ဒီတစ်ခေါက် Update မှာ ပရိသတ်တွေကို ထူးထူးခြားခြားဖြစ်စေတာကတော့ iKON အဖွဲ့ခေါင်းဆောင်ဟောင်း B.I ပါဝင်လာတာပဲဖြစ်ပါတယ်။

B.I ဟာ iKON အဖွဲ့ကနေ နုတ်ထွက်ပြီး အနုပညာလှုပ်ရှားမှုကနေ အနားယူနေတာကြာပြီဖြစ်ပြီး သူ့ရဲ့ Solo Comeback ကိုပရိသတ်တွေက မျှော်လင့်နေတာဖြစ်ပါတယ်။ မကြာသေးခင်က IOK ကုမ္ပဏီမှာ အသက်ငယ်ဆုံးအမှုဆောင်ဒါရိုက်တာဖြစ်ခဲ့တဲ့ B.I အနေနဲ့ မကြာခင် အနုပညာလှုပ်ရှားမှု တွေပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ကုမ္ပဏီက အတည်ပြုခဲ့တာဖြစ်ပါတယ်။ အခုအခါ B.I ဟာ သူ့ရဲ့ ပထမဆုံး လှုပ်ရှားမှုအနေနဲ့ Epink High မှာ Featuring အနေနဲ့ ပါဝင်သီဆိုမှာဖြစ်တာကြောင့် ပရိသတ်တွေက အလွန်ပျော်ရွှင်နေကြတာဖြစ်ပါတယ်။

-m2t
Ref: Soompi

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page