K pop

■ GOT7 နဲ့ JYPE လမ်းခွဲပြီးနောက် JYPE ဝန်ထမ်းတင်ခဲ့ပို့စ်ကြောင့် ပရိသတ်များ ဒေါသထွက်

— – – JYP Entertainment က GOT7 နဲ့ လမ်းခွဲကြောင်း ကြေညာပြီးနောက်မှာ သူတို့ဝန်ထမ်းတင်ခဲ့တာက …

JYP Entertainment က GOT7 အဖွဲ့နဲ့ ညှိနှိုင်းလို့ မရတာကြောင့် လမ်းခွဲဖို့ဆုံးဖြတ်လိုက်ပြီး ဇန်နဝါရီ (၁၁)ရက်က ထုတ်ပြန်ခဲ့ပြီး အဲဒီထုတ်ပြန်ချက်ထွက်ပြီး မကြာခင်မှာပဲ JYP Entertainment ဝန်ထမ်းတစ်ဦး IG Story တင်ခဲ့တဲ့ပို့စ်ကြောင့် ပရိသတ်တွေ ဒေါသပေါက်ကွဲခဲ့ကြပါတယ်။

JYP Entertainment နဲ့ လမ်းခွဲပြီး အေဂျင်စီသစ်နဲ့ လက်တွဲတဲ့အခါ GOT7 အဖွဲ့ဝင်တွေ ဆုံစည်းဖို့ ခက်ခဲနိုင်ပြီး အဖွဲ့လိုက်လှုပ်ရှားမှုတွေ ရှားပါးသွားမှာကို ပရိသတ်တွေ စိုးရိမ်နေချိန်မှာ JYP Entertainment ဝန်ထမ်းက အချိန်ကိုက် ပို့စ်တင်သလို ဖြစ်ခဲ့တာပါ။

သူက သူ့ရဲ့ IG Story မှာ GOT7 အဖွဲ့ရဲ့ “The End” သီချင်းကို Lyrics နဲ့အတူ တင်ခဲ့တာဖြစ်ပြီး သူ ဆိုလိုချင်တာက JYP Entertainment နဲ့ လမ်းခွဲလိုက်တဲ့ GOT7 အဖွဲ့က ပြီးသွားပြီ၊ နာလန်မထူတော့ဘူးဆိုတဲ့ သဘောမျိုးဖြစ်တယ်လို့ ပရိသတ်တွေ သုံးသပ်ကြပါတယ်။

ဒီလိုပြောရလောက်အောင်လည်း အဲဒီစာသားတွေထဲမှာ “ဒီအခိုက်အတန့်အတွက် နောင်တရနေမှာပါ” “ဆုံးရှုံးလိုက်ရတာ အခါ ဘယ်လောက် အဖိုးတန်တယ်ဆိုတာ မင်း ဆုံးရှုံးဖူးမှာ သိလိမ့်မယ်လို့ သူတို့က ပြောတယ်”စတဲ့ ပါဝင်ပါတယ်။

ဒါကြောင့် GOT7 ပရိသတ်တွေက ဒေါသပေါက်ကွဲခဲ့တာဖြစ်ပြီး ဒီလိုမျိုးတွေကို တားမြစ်ခြင်းမရှိတဲ့ JYP Entertainment ကို ဝေဖန်ခဲ့ကြသလို၊ JYP Entertainment တည်ထောင်သူ JYP ရဲ့ လုပ်ရပ်တွေကိုပါ ဝေဖန်ခဲ့ကြပါတယ်။

— ဃဲ
Source: pann & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page