K pop

■ RM ရဲ့ အကျင့်တစ်ခုကြောင့် သူတို့အရှက်ပိုရကြောင်း BTS အဖွဲ့ဝင်တွေ ဖွင့်ဟ

— – – J-Hope ပြောတာ သိပ်မဆိုးသေးပေမဲ့ Suga ပြောတော့မှာ …

BTS အဖွဲ့ခေါင်းဆောင် RM ဟာ ဂီတကို အလွန်ရူးသွပ်သူဆိုတာ သေချာပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာတော့ သူ့ရဲ့ အဲဒီရူးသွပ်မှုက အဖွဲ့ဝင်တွေကို အရှက်ပိုစေပါသတဲ့။

BTS FESTA တစ်ခုမှာ J-Hope က “RM က နားကျပ်တပ်ပြီးဆိုတာနဲ့ သီချင်းတွေ ဆိုတော့တာပါပဲ။ ဒါက အတော်လေးဆိုးတယ်” လို့ဆိုပြီး အဲဒီနောက် နားကျပ်တပ်ထားရင် RM လုပ်လေ့ရှိတာကို J-Hope က လုပ်ပြခဲ့ပြီး “ငါ ပြောတာကို မင်းတို့ သိပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

အဲဒီမှာ Suga က J-Hope ကို ထောက်ခံခဲ့ပြီး သူတို့ နိုင်ငံခြားသွားပြီး ကားတွေ ငှားတွေ စီးတဲ့အခါမှာလည်း RM တစ်ယောက် ကားပေါ်မှာ သီချင်းတွေဆိုနေလို့ ရှက်ရအောင် ဆိုခဲ့တာပါ။

Suga က “နိုင်ငံခြားမှာ မန်နေဂျာမပါဘဲ တစ်နေရာရာသွားတဲ့အခါမျိုးမှာလည်း RM က ကားပေါ်မှာ သီချင်းဆိုနေတတ်တာပဲ။ ဒရိုင်ဘာက နိုင်ငံခြားသားဆိုတော့ RM ဆိုနေတာ သီချင်းလား၊ Rap လား သူ သိမှာမဟုတ်ဘူး။ အဲဒီလိုအခါမျိုးမှာ ဒရိုင်ဘာက ငါတို့ ဒီကောင်တွေ ဘယ်လိုအဆိုတော်တွေလဲလို့ တွေးနေမယ်လို့ ထင်မိတယ်။ အဲဒီလို အခါမျိုးမှာဆိုရင် RM ကြောင့် ရှက်ရတယ်”လို့ ပြောဆိုခဲ့တာပါ။

အဲဒီနောက်မှာ J-Hope က ဆက်ပြီးတော့ RM အနေနဲ့ သီချင်းသစ်ထုတ်တဲ့အခါ အဲဒီလို အများဆုံးဖြစ်တတ်တယ်လို့ ဆိုခဲ့ပြီး RM ကတော့ သူ့ကိုယ်သူ မထိန်းနိုင်ဘူးလို့ ဖြေရှင်းခဲ့ပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page