K pop

■ အဖိုးတန်ညချမ်းလေးကို K-pop သီချင်းတွေနဲ့ စီးမျောမယ် (EXO)

— – – EXO အဖွဲ့ရဲ့ သီချင်းကောင်းများစွာထဲက တချို့ကို တင်ဆက် ….

Album Sales ကို တစ်ခေတ်ပြန် ဆန်းစစ်စေခဲ့တဲ့ K-pop အဖွဲ့လို့ EXO ကို သတ်မှတ်ရပါလိမ့်မယ်။ အဖွဲ့ဝင်တချို့ ထွက်သွားပေမယ့် သူတို့အောင်မြင်မှုဟာ မှေးမှိန်ခြင်းမရှိသေးဘဲ ဆက်လက်တောက်လောင်နေတုန်းပါပဲ။

Growl

ဒီသီချင်းက EXO ကို K-pop စတင်ကျော်ကြားစေတဲ့ သီချင်းလို့ ဆိုနိုင်ပါတယ်။ မြူးမြူးကြွကြွတီးလုံး၊ ဆန်းသစ် သေသပ်တဲ့ အကနဲ့ ပေါင်းစပ်ထားတဲ့ ဒီသီချင်းဟာ ကိုရီးယားမှာသာမက ကမ္ဘာတစ်ဝန်းက ပရိသတ်တွေရဲ့ နှလုံးသားကို ရောက်ရှိခဲ့တယ်လို့ ဆိုနိုင်ပြီး EXO ကို ကမ္ဘာနဲ့ မိတ်ဆက်ခဲ့တဲ့ သီချင်းလို့ ဆိုနိုင်ပါတယ်။

Promise

Miracles in December ကလည်း အရမ်းကောင်းတဲ့ သီချင်းပါ။ ဒါပေမဲ့ Promise က ပိုမိုက်တယ်။ ပိုလှတယ်လို့ ခံစားရတယ်။ သံစဉ်ပိုင်းရော၊ အဆိုပိုင်းမှာပါ အရမ်းကောင်းသလို၊ Chanyeol ရဲ့ Rap ကပါ ချစ်စရာကောင်းနေတာမျိုး။ ဒီသီချင်းက EXO-L တွေကို ရည်ညွှန်းထားတဲ့ သီချင်းလည်း ဖြစ်လို့ အထူးညွှန်းဖို့ မလိုဘူး ထင်ပါတယ်။ ကိုယ်တစ်ယောက်တည်း အမြင်ဆိုရင်တော့ EXO ရဲ့ Master Piece လို့တောင် ဆိုချင်တယ်။

Monster

သိပ်ကောင်းတဲ့ သီချင်းတစ်ပုဒ်ပါပဲ။ ခပ်ကြမ်းကြမ်း ကောင်လေးတစ်ယောက်ရဲ့ အချစ်ကို အပေါ်စီးက ဖွင့်ဆိုထားတဲ့ စာသား။ ကောင်မလေးကို အရမ်းချစ်နေပေမယ့် သူကပဲ ခပ်တည်တည်နဲ့ ဖြဲခြောက်ထားတာကို တွေ့ရမှာပါ။ ဒီသီချင်းနဲ့ လိုက်အောင် ရိုက်ထားတဲ့ MV ကလည်း မိုက်ပါတယ်။

Lotto

Monster နဲ့ ပုံစံတူ သီချင်းမျိုးလေးပါပဲ။ ဒီသီချင်းမှာတော့ ကောင်လေးက Monster ကလို မဟုတ်တော့ဘဲ ကောင်မလေးနဲ့ တွေ့ရင် ဘာလုပ်ရမှန်းမသိဘဲ အကြည့်တွေကို ရှောင်လွဲပြီး ဟန်ဆောင်နေတတ်သူမျိုး။ ဒါပေမဲ့ တစ်ဖက်မှာ အချစ်တွေကို သိမ်းထားပြီး သူနဲ့သာ ဆိုရင် ဆိုတာမျိုး…..

Tempo

EXO သီချင်းတွေထဲမှာတော့ ဒီသီချင်းက ချန်ထားမရနိုင်တဲ့ သီချင်းလို့ပဲ ဆိုရမယ် ထင်ပါတယ်။ တစ်ပုဒ်တည်းနဲ့ ဂီတအမျိုးအစား (၄)၊ (၅)ခုလောက် ပြသသွားတဲ့ သီချင်းမျိုးလို့ပဲ ပြောရမယ်။ မီဒီယာတချို့ရဲ့ တင်စားမှုတချို့က များလွန်းပေမယ့် Tempo ဟာ EXO အဖွဲ့ရဲ့ လုပ်နိုင်စွမ်းနဲ့ ပါရမီကို ပြသတဲ့ သီချင်းဆိုတာပါပဲ။

— ဃဲ
via You Tube

You cannot copy content of this page