K pop

■ တက္ကသိုလ်မှာတုန်းက BTS Jin ကို သူငယ်ချင်းမိန်းကလေးတွေ ပြောလေ့ရှိတဲ့ စကား

— – – Jin ရဲ့ သူငယ်ချင်းမိန်းကလေးတွေကို သူနဲ့ စကားပြောတိုင်း ….

BTS အဖွဲ့ဝင်ရဲ့ အသက်အကြီးဆုံးအဖွဲ့ဝင် Jin ဟာ စင်ပေါ်မှာရော ပြင်ပလူနေမှုဘဝမှာ အလွန်ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတွေထဲက တစ်ဦးဆိုတာကို ငြင်းစရာမရှိပါဘူး။

ဒါပေမဲ့ Jin က သူ့ရဲ့ ကျောင်းသားဘဝနဲ့ တက္ကသိုလ်ဘဝအကြောင်းတွေကို ပြောပြတဲ့အခါမှာတော့ ပရိသတ်တွေ အံ့သြခဲ့ကြရပါတယ်။ အကြောင်းကတော့ ဒီလိုပါ။

သူ့ရဲ့ ကျောင်းသားဘဝနဲ့ ပတ်သက်လို့ Jin က “ကျွန်တော် အလယ်တန်းရော၊ အထက်တန်းပါ အမျိုးသားချည်း တက်တဲ့ ကျောင်းတွေမှာချည်း တက်ခဲ့တာပါ။ ဒါကြောင့် မိန်းကလေးတွေနဲ့ မျက်လုံးချင်းမဆုံတာ (၆)နှစ်ကျော် ကြာမြင့်ခဲ့ပြီး တက္ကသိုလ် ရောက်တော့လည်း သူတို့နဲ့ မျက်လုံးချင်း မဆုံရဲခဲ့ပါဘူး။

ဒါကြောင့် တက္ကသိုလ် ရောက်တော့လည်း မိန်းကလေးတွေနဲ့ မျက်လုံးချင်းမဆုံမိအောင် ကျွန်တော် နေခဲ့တယ်။ ပြီးတော့ ပေါင်းသင်းရလွယ်တဲ့ မိန်းကလေးတွေကို သူငယ်ချင်းအဖြစ် ပေါင်းခဲ့တယ်။ ကျွန်တော် သူငယ်ချင်းမိန်းကလေးတွေက ကျွန်တော့်နဲ့ စကားပြောပြီးဆိုရင် ဟေ့… နင် ငါ့ကို မျက်လုံးချင်းဆုံပြီး စကားပြောစမ်းပါလို့ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ တက္ကသိုလ်မှာတုန်းကလည်း ကျွန်တော် ယောကျ်ားလေးသူငယ်ချင်းတွေနဲ့ပဲ လျှောက်လှည်လေ့ရှိပါတယ်”လို့ ပြောဆိုခဲ့တာပါ။

— ဃဲ
Ref: AKP & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page