K pop

■ Nancy ရဲ့ အဝတ်လဲခန်းပုံတွေ ပေါက်ကြားခဲ့တဲ့ AAA တောင်းပန်

— – – တရားမဝင်ပုံတွေ ပေါက်ကြားမှုရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ Nancy ကို တောင်းပန်ရာမှာ AAA အချိုးမပြေလို့ ပရိသတ်တချို့က …

အဝတ်လဲခန်းတွင်းက ပုံတွေ ပေါက်ကြားခဲ့တာကြောင့် Momoland အဖွဲ့ဝင် Nancy စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး စဖြန့်သူနဲ့ ဖြန့်ဝေသူတွေအားလုံးကို အရေးယူမယ်လို့ Momoland အေဂျင်စီ MLD Entertainment က ထုတ်ပြန်ခဲ့ပါတယ်။

Nancy ဟာ 2019 Asia Artist Awards မှာ အဖွဲ့နဲ့ ဖျော်ဖြေခဲ့သလို Presenter အဖြစ် ဆောင်ရွက်ခဲ့ပြီး အဲဒီအတွက် အင်္ကျီလဲရာမှာ အဝတ်လဲခန်းက ဓာတ်ပုံတွေသာမက ဗီဒီယိုဖိုင်ပါ ပေါက်ကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

MLD Entertainment ရဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီး ညပိုင်းမှာပဲ 2019 Asia Artist Awards ပွဲရဲ့ အဝတ်လဲခန်းက Nancy ရဲ့ ပုံတွေ ပေါက်ကြားခဲ့တာဖြစ်ပြီး AAA တာဝန်ရှိသူတွေက တောင်းပန်စာ ထုတ်ပြန်ခဲ့ပါတယ်။

သူတို့ရဲ့ တောင်းပန်စာမှာ “2019 Asia Artist Awards အဝတ်လဲခန်းက Momoland အဖွဲ့ဝင် Nancy ရဲ့ ပုံတွေ ပေါက်ကြားခဲ့ခြင်းအတွက် ဗီယက်နမ်အာဏာပိုင်တွေနဲ့ ပူးပေါင်းကာ စတင်ခဲ့သူကို ရှာဖွေနေကြောင်း၊ ဒါ့ပြင် Momoland အဖွဲ့ဝင် Nancy ရဲ့အေဂျင်စီနဲ့ ပူးပေါင်းကာ ထိခိုက်စေမယ် ပို့စ်တင်သူတွေ၊ ဝေမျှသူတွေကို စွဲချက်တင်မှာဖြစ်ကြောင်းနဲ့ စိတ်ပူစေတဲ့အတွက် Nancy ရဲ့ ပရိသတ်တွေကို တောင်းပန်ကြောင်း”ဖော်ပြထားပါတယ်။

ဒါပေမဲ့ AAA ရဲ့ တောင်းပန်စာမှာ ကာယကံရှင်ဖြစ်တဲ့ Momoland အဖွဲ့ဝင် Nancy ကို တောင်းပန်ကြောင်း လုံးဝမပါဝင်တာကြောင့် ပရိသတ်တွေ ဒေါသဆူပွက်ခဲ့ပြီး ပရိသတ်တွေထက် ခံရသူဖြစ်တဲ့ Nancy ကိုသာ တောင်းပန်သင့်ကြောင်း တုံ့ပြန်ခဲ့ကြပါတယ်။

— ဃဲ
Ref: AKP & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page