K pop

■ ‘2020 APAN Music Awards’ ထိပ်ဆုံး Artist (10)ဦး Winner တွေက ဘယ်သူလဲ

— ‘2020 APAN Music Awards’ ဟာ အခုနှစ်အတွက် ပေါ်ပြူလာအဖြစ်ဆုံး ထိပ်ဆုံး K-pop Artist (10)ဦး Winner တွေကို ထုတ်ပြန်ခဲ့ပါတယ်။

‘2020 APAN Music Awards’ ကို Korea Entertainment Management Association (KEMA) က ဦးစီးကျင်းပတာဖြစ်ပြီး ဟာ အခုနှစ်အတွက် ပေါ်ပြူလာအဖြစ်ဆုံး ထိပ်ဆုံး K-pop Artist (10)ဦး Winner တွေအပြင် Best Global Icon ၊ Best Performance ၊ Best MV နဲ့ Best All-Rounder စတဲ့ အပိုဆု Winner တွေကိုပါ ကြေညာခဲ့တာဖြစ်ပါတယ်။

‘2020 APAN Music Awards’ ထိပ်ဆုံး K-pop Artist (10)ဦး Winner တွေကို ပရိသတ်မဲပေးမှု၊ Artist တွေရဲ့ Digital နဲ့ Physical Album ရောင်းအားတွေ၊ ပရော်ဖက်ရှင်နယ်ဒိုင်လူကြီးတွေရဲ့ ရမှတ် တွေကို တွက်ချက်ပြီး သတ်မှတ်တာလည်းဖြစ်ပါတယ်။

‘2020 APAN Music Awards’ ထိပ်ဆုံး K-pop Artist (10)ဦး Winner တွေကတော့ : Kang Daniel၊ The Boyz ၊ MONSTA X ၊ BTS ၊ Seventeen ၊ IZ*ONE ၊ Lim Young Woong ၊ GOT7 ၊ NCT 127 နဲ့ TWICE တို့ဖြစ်ကြပါတယ်။

နောက်ပြီး ‘2020 APAN Music Awards’ က နောက်ထပ် Best Global Icon – NCT U ၊ Best Performance – Kang Daniel ၊ Best MV – BLACKPINK ၊ Best All-Rounder – GOT7’s JB စတဲ့ Winner စာရင်းတွေကိုလည်း ကြေညာခဲ့တာဖြစ်ပါတယ်။

‘2020 APAN Music Awards’ ဆုပေးပွဲကို တောင်ကိုရီးယားပြန်မြင့်တက်နေတဲ့ COVID19 ကြောင့် ရွှေ့ဆိုင်းထားခဲ့ပါတယ်။ မူလက ဆုပေးပွဲကို နိုဝင်ဘာလ 28-29 မှာ ကျင်းပဖို့ စီစဉ်ထားတာဖြစ်ပါ တယ်။

-m2t
Ref: Alllkpop

You cannot copy content of this page