K pop

■ Jennie ရဲ့ အချစ်ကို သိမ်းပိုက်နိုင်မယ့် နည်းလမ်း (၅) သွယ်

– – – Jennie ရဲ့နှလုံးသားကို ခိုးယူချင်တယ်ဆိုရင်တော့ ဒါလေးတွေ လုပ်လိုက်ရုံပါပဲ…

Jennie ဟာ သူမရဲ့နှလုံးသားကို လှုပ်ခတ်နိုင်တဲ့ အပြုအမှု (၅)ခုကို Variety Show တစ်ခုမှာ ပြောပြခဲ့ပါတယ်။ ဒါတွေက Jennie ကိုယ်တိုင်ပြောပြထားတာဖြစ်ပြီး အမျိုးသားတွေရဲ့ အဲဒီလိုအပြုအမှုတွေက သူမရဲ့နှလုံးသားကို ကြွေကျစေတယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

၁ – အတိတ်မှာ ကျွန်မပြောထားတဲ့ အကြောင်းအရာကိုသတိရပြီး ဂရုတစိုက်လုပ်ပေးတတ်တဲ့သူမျိုး

၂ – ကျွန်မစကားပြောနေချိန်မှာ နားထောင်တတ်သူမျိုး။

၃ – ကျွန်မချမ်းနေတဲ့အချိန်မှာ သူရဲ့ကုတ်အကျီကိုချွတ်ပြီး ကျွန်မကိုဝတ်ပေးတတ်တဲ့သူမျိုး။

၄ – နေပူတဲ့အခါမျိုးမှာ သူ့ရဲ့လက်လေးတွေနဲ့ ကျွန်မရဲ့မျက်နှာကို နေရောင်ကနေ ကာကွယ်ပေးတတ်သူမျိုး။

၅ – လမ်းလျှောက်တဲ့အခါမျိုးမှာ ဒေါက်ဖိနပ်ကြောင့် အခက်တွေ့နေတဲ့ကျွန်မကို သတိထားပြီး ကျွန်မရဲ့ခြေလှမ်းနဲ့အတူ နှေးနှေးလမ်းလျှောက်တတ်တဲ့သူမျိုး။

ဆိုပြီး Jennie က ပြောပြခဲ့ပါတယ်။ ပြီးတော့ Jennie က သူမဟာ တစ်ယောက်ယောက်ကိုချစ်ကြိုက်ဖို့ အရမ်းလွယ်တဲ့သူမျိုးဖြစ်တယ်လို့လည်း အစီအစဉ်တစ်ခုမှာ ဝန်ခံခဲ့ဖူးပါတယ်။

– ဃဲ
Ref: Soompi & Photos Credits

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page