K pop

■ နယူးဇီလန်မှာ ဘာကြောင့် Jennie ကျောင်းတက်ခဲ့တာလဲ ?

– – – BLACKPINK အဖွဲ့ဝင် Jennie နယူးဇီလန်မှာ ပညာသင်ခဲ့တာကို လူတိုင်းသိပြီးသားပါ။ ဒါပေမဲ့ နောက်ကွယ်က ဖြစ်ရပ်ကိုတော့ သိတဲ့သူနည်းမယ်လို့ ထင်ပါတယ်။

အရင်တုန်းက လွှင့်ခဲ့တဲ့ Live တစ်ခုမှာ နယူးဇီလန်ကို သွားခဲ့တဲ့အကြောင်းနဲ့ ပတ်သက်ပြီး Jennie ကိုယ်တိုင် သေချာပြောပြထားတာဖြစ်ပြီး နည်းနည်းတော့ ရယ်စရာကောင်းပါတယ်။

နယူးဇီလန်နိုင်ငံမှာ ပညာသင်ခဲ့တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ပရိသတ်တစ်ယောက် မေးမြန်းတာကို Jennie က အကြောင်းစုံ ရှင်းပြခဲ့တာပါ။

“ကျွန်မ အသက် (၉)နှစ်တုန်းက နယူးဇီလန်နဲ့ သြစတြေးလျကို မိသားစုနဲ့ အားလပ်ရက် အပန်းဖြေခရီးထွက်ခဲ့ပါတယ်။ နယူးဇီလန်မှာ မေမေက သမီး ဒီမှာနေရတာကို ကြိုက်လားဆိုပြီး ကျွန်မကို မေးတယ်။

ကျွန်မကလည်း ကြိုက်ပါတယ် ဆိုပြီး ပြန်ဖြေလိုက်တယ်။ ဒီတော့ မေမေက ထပ်မေးတယ်။ သမီး ဒီမှာနေမလား ဆိုပြီးတော့ပေါ့။ ကျွန်မကလည်း နေမယ်ပေါ့လို့ ပြောလိုက်တယ်။ ဒါနဲ့ နောက်တစ်နှစ်လည်း ကျရော မေမေက ကျွန်မကို နယူးဇီလန်ကို ပညာသင်ဖို့ ပို့လိုက်တော့တာပါပဲ။

အဲဒီတုန်းက (၁၀)နှစ်သမီးအရွယ်ဆိုတော့ ကမ္ဘာကြီးအကြောင်းကို ကျွန်မ ကောင်းကောင်း နားမလည်သေးပါဘူး။ မေမေရဲ့ မေးခွန်းကို ဖြေရင်းနဲ့ နယူးဇီလန်ကို ကျွန်မ ရောက်သွားခဲ့တယ် (ရယ်လျှက်)”- Jennie

ဒါပေမဲ့ နယူးဇီလန်ကို ပညာသင်သွားခဲ့တာ Jennie အတွက်တော့ အကျိုးရှိခဲ့ပါတယ်။ အင်္ဂလိပ်စကားကို ကောင်းကောင်း ပြောတတ်ခဲ့ပြီး အနောက်နိုင်ငံတွေရဲ့ ထုံးဓမ်းစဉ်လာတွေကို သူမ သိမြင်လာခဲ့တာပါ။

— ဃဲ
Ref: Koreaboo & Photos Credits

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page