K pop

■ Jennie ရဲ့ Heart Arrow ဘယ်က စသလဲ

– – – BLACKPINK အဖွဲ့ဝင် Jennie ရဲ့ နာမည်ကျော် Heart Arrow မှာ သမိုင်းကြောင်း ရှိပါတယ် …

Weekly Idol မှာ Jennie လုပ်ပြခဲ့တဲ့ အဲဒီ Heart Arrow ဟာ ပရိသတ်တွေကြားမှာ အလွန်ရေပန်းစားခဲ့ပြီး လုပ်ပြခဲ့တဲ့ Jennie ကလည်း ချစ်စရာကောင်းလွန်းပါတယ်။

တကယ်တော့ Jennie ရဲ့ နာမည်ကျော် Heart Arrow က အမေရိကန်ရုပ်ရှင် The Hot Chick က စခဲ့တာပါ။ အဲဒီရုပ်ရှင်မှာ Jessica အဖြစ် သရုပ်ဆောင်ခဲ့တဲ့ နာမည်ကျော် အမေရိကန်မင်းသမီးကြီး Rachel McAdams က သူမရဲ့ ချစ်သူကို ပြတင်းပေါက်ကနေ Kiss ပေးတဲ့အနေနဲ့ လုပ်ပြခဲ့တာပါ။

Weekly Idol အစီအစဉ်မှာ Jennie က Rachel McAdams ရဲ့ The Hot Chick ရုပ်ရှင်က Heart Arrow ကို လုပ်ပြခဲ့တာဖြစ်ပြီး အဲဒါက ပြန်လည်ခေတ်စားလာတာ ဖြစ်ပါတယ်။

ဘာပဲပြောပြော Jennie ရဲ့ Heart Arrow က ပိုပြီး ချစ်စရာကောင်းနေတာကိုတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

– ဃဲ
Ref: Koreaboo & Photos Credits

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page