K pop

■ Jennie နဲ့ စတွေ့ခဲ့တဲ့ အခိုက်အတန့်ကို Irene ဖွင့်ဟ

— – – Jennie နဲ့ Irene တို့က သူငယ်ချင်းဖြစ်ဖို့ ကံပါလာသူတွေကို ဆိုရမယ်။ ဒါပေမဲ့ ဒီနေရာမှာ Ice Princess လို နာမည်ကြီးတဲ့ Irene ကို Jennie ချုပ်ခဲ့ပုံလေးက ….

ဒီအကြောင်းအရာက နည်းနည်းတော့ ကြာပါပြီ။ ဒါပေမဲ့ မသိသေးတဲ့သူတွေအတွက် BLACKVELVET တွေအတွက် ပြန်လည်ဖော်ပြပေးခြင်း ဖြစ်ပါတယ်။ BLACKPINK အဖွဲ့ဝင် Jennie နဲ့ သူငယ်ချင်းဖြစ်ခဲ့ပုံကို Red Velvet အဖွဲ့ခေါင်းဆောင် Irene က Idol Room မှာ ဖောက်သည်ချခဲ့တာ ဖြစ်ပါတယ်။

“ကျွန်မတို့ ဆံပင်အလှပြင်ဆိုင်တစ်ခုမှာ တွေ့ခဲ့ကြတာပါ။ အခုတော့ အဲဒီဆိုင်ကို ကျွန်မတို့ မသွားဖြစ်တော့ပေမယ့် Jennie နဲ့ အရမ်းရင်းနှီးပါတယ်”- Irene

ဆက်ပြီးတော့ Irene က သူမအနေနဲ့ ပင်ကိုအေးဆေးနေတတ်တာရယ်၊ ရှက်တတ်တာရယ်ကြောင့် လူစိမ်းတွေနဲ့ ရင်းနှီးဖို့ မလွယ်ဘူးလို့လည်း ဝန်ခံခဲ့ပါတယ်။

“ကျွန်မအတွက်က လူစိမ်းတွေနဲ့ ရင်းနှီးဖို့ အရမ်းခက်ပါတယ်။ ဒါပေမဲ့ Jennie က ကျွန်မဆီကို အရင်လာပြီး Unnie ခေါ်ကာ မိတ်ဆက်ပါတယ်။ အဲဒီကတည်းက ရင်းနှီးခဲ့ကြတာပါ။ ကျွန်မတို့အနေနဲ့ အလုပ်တွေများတာကြောင့် သိပ်တော့ မတွေ့ဖြစ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ အတူတူစားဖူးပါတယ်”- Irene

တစ်ခါကလည်း Irene ပရိသတ်တွေနဲ့ မွေးနေ့ပွဲ ဆင်နွဲှနေစဉ်မှာ Jennie က Video Call ခေါ်ခဲ့တယ်လို့ Irene က ဆိုပါတယ်။ အဲဒီအချိန်မှာ Irene က ပရိသတ်တွေနဲ့ မွေးနေ့ပွဲ ဆင်နွဲှနေကြောင်း ပြောတဲ့အခါ Jennie က သူ့အတွက် ဆုတောင်းပေးပြီး Red Velvet ပရိသတ်တွေကို သူလည်း Reveluv တစ်ယောက်ဖြစ်တယ်လို့ အော်ပြီး ပြောခဲ့တယ်လို့ Irene က ဆိုပါတယ်။

အခု နောက်ပိုင်းမှာတော့ Music Show တွေ၊ ဆုပေးပွဲတွေမှာ Jennie နဲ့ Irene တို့ကို အတူတူမြင်ရလေ့ရှိပြီး အဲဒါကို နှစ်ဖက် ပရိသတ်တွေက အရမ်းနှစ်သက်ကြပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credits

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page