K pop

■ ဖျော်ဖြေမှုတစ်ခုအတွက် အမျိုးသားနဲ့ အမျိုးသမီး Idol တို့အကြား ပြင်ဆင်ချိန်ကွာခြားမှုကို Jennie ဖွင့်ဟ

– – – (၄၊ ၅) မိနစ်စာ ဖျော်ဖြေမှုတစ်ခုအတွက် အမျိုးသမီး Idol တွေ ပြင်ဆင်ချိန် ဘယ်လောက်ယူရတယ်ဆိုတာကို Jennie က ပြောပြထားပါတယ်။

စတိတ်စင်ပေါ်မှာ ကျော့ကျော့မော့မော့လေး ပရိသတ်တွေ မြင်ရဖို့အတွက် အမျိုးသမီး Idol တွေ ရင်းနှီးရတဲ့အချိန်တွေက များလွန်းတယ်လို့ပဲ ဆိုရမယ်။ BLACKPINK အဖွဲ့ဝင် Jennie က အမျိုးသမီး Idol တွေအနေနဲ့ ဖျော်ဖြေမှုတစ်ခုအတွက် အမျိုးသားတွေထက် အချိန်များစွာ ယူရကြောင်း We Will Channel You ဆိုတဲ့ အစီအစဉ်မှာ ပြောပြဖူးပါတယ်။

“Music Show တွေပဲ ဖြစ်ဖြစ်၊ Concert အတွက်ပဲ ဖြစ်ဖြစ် ကျွန်မတို့အတွက် ပြင်ဆင်ရချိန်က အတော်လေးကြာပါတယ်။ မိတ်ကပ်လိမ်းတာ၊ အဝတ်အစားဝတ်တာ၊ ဆံပင်ပြင်တာနဲ့ Accessories တွေ ဝတ်တာတို့ရင် အမျိုးသမီး Idol တွေအနေနဲ့ တစ်ယောက်ကို ၂ နာရီကနေ ၃ နာရီကြား အချိန်ယူရပါတယ်”
– Jennie

အမျိုးသား Idol တွေကတော့ ပြင်ဆင်ချိန် အဲဒီလောက် ယူစရာမလိုဘဲ (၁)နာရီလောက်နဲ့တင် အားလုံးပြတ်တယ်လို့ BIGBANG အဖွဲ့ဝင် Seungri က ဆိုဖူးပါတယ်။

Music Show တွေမှာဆိုရင် ဖျော်ဖြေချိန်က (၄၊ ၅) မိနစ်လောက် ရှိပေမယ့် အမျိုးသမီး Idol တွေအနေနဲ့ ခရီးသွားလာချိန်၊ မိတ်ကပ်တွေ၊ ဘာတွေ ပြင်ချိန်နဲ့ဆိုရင် အချိန်များစွာ ယူနေတာဖြစ်ပြီး ဒါတွေက ပရိသတ်တွေ မမြင်နိုင်တဲ့ နောက်ကွယ်က ပေးဆပ်မှုတွေ ဖြစ်ပါတယ်။

– ဃဲ
Ref: Koreaboo & Photos Credits

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page