JYP Entertainment ရဲ့ ပယ်ချခြင်းကို ခံခဲ့ရတဲ့ Idol တွေဟာ လက်ရှိအချိန်မှာ ဒိတ်ဒိတ်ကြဲ Idol တွေဖြစ်နေတာကို တွေ့မြင်ရမှာပါ။
1) J-Hope (BTS)
ကမ္ဘာကျော် BTS အဖွဲ့ဝင် J-Hope ဟာ JYP Entertainment မှာ Audition ဝင်ပြိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပယ်ချခံခဲ့ရပြီး Big Hit Entertainment Audition မှာတော့ အောင်မြင်ခဲ့ပါတယ်။ အခုတော့ BTS နဲ့ အတူ ကမ္ဘာကျော်အဆိုတော်တစ်ဦးအဖြစ် ရပ်တည်နေနိုင်ပါပြီ။
2) IU
IU ဟာ LOEN Entertainment နဲ့မဆက်သွယ်ခင် Audition မြောက်များစွာယှဉ်ပြိုင်ခဲ့ရပြီး တစ်ခါမှ အရွေးမခံခဲ့ရပါဘူး။ အဲဒီ ပယ်ချခံခဲ့ရတဲ့ Audition တွေထဲမှာ JYP ရဲ့ Audition လည်းပါဝင်ပါတယ်။ LOEN Entertainment နဲ့ ဆက်သွယ်မိတဲ့အခါမှာတော့ K-pop Top Solo Artist တစ်ဦး ပေါက်ဖွား လာခဲ့တယ်လို့ ဆိုရမှာပါ။
3) Hyolyn
Hyolyn ဟာ JYP Entertainment မှာ Audition ဝင်ပြိုင်ခဲ့ပေမယ့် မအောင်ခဲ့ဘဲ ပယ်ချခံခဲ့ရပါတယ်။ ဒါပေမဲ့ Starship Entertainment မှာတော့ Idol အဖြစ် သူမဘဝကို အစပျိုးနိုင်ခဲ့ပြီး Sistar အဖွဲ့နဲ့ Debut လုပ်နိုင်ခဲ့ကာ အောင်မြင်ကျော်ကြားတဲ့သူဖြစ်လာပါတယ်။
4) Hani (EXID)
Hani ဟာ သူမရဲ့အရည်အချင်းကြောင့် JYP Entertainment ရဲ့ စိတ်ဝင်စားမှုအချို့ကိုရခဲ့ပါတယ်။ ဒါ ပေမဲ့ Trainee တစ်ဦးအဖြစ်တော့ မရခဲ့ပါဘူူး။ ဒါကြောင့် Banana Culture Entertainment နဲ့ဆက် သွယ်မိပြီး EXID အဖွဲ့အဖြစ် Debut လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
5) Sungjae (BTOB)
Sungjae ဟာ JYP မှာ Audition မှာဝင်ပြိုင်ခဲ့တုန်းက ပယ်ချခံခဲ့ရတာကြောင့် ဘာကြောင့် ပယ်ချခံခဲ့ရ လဲဆိုတာကို Park Jin Young ကို မေးခဲ့တယ်လို့ သိရပါတယ်။ နောက်တော့မှ Sungjae ဟာ Cube Entertainment နဲ့ဆက်သွယ်မိပြီး BTOB အဖွဲ့အဖြစ် Debut လုပ်နိုင်ခဲ့တာပါ။
6) Yuju (GFRIEND
Yuju ဟာ JYP ရဲ့ K-Pop Star 1 မှာ ဝင်ပြိုင်ခဲ့ပါတယ်။ အဲဒီမှာ Park Jin Young ရဲ့ အသံပိုင်းရော အကပိုင်းမှာပါ ပြင်းထန်တဲ့ဝေဖန်မှုကို ခံခဲ့ရပါတယ်။ Yuju ဟာ Source Music နဲ့ လက်တွဲမိပြီး GFRIEND အဖွဲ့ဝင်အဖြစ် Debut လုပ်နိုင်ခဲ့ကာ အောင်မြင်ကျော်ကြားတဲ့သူဖြစ်နေပါပြီ။
7) DEAN
Hip Hop နဲ့ Alternative R&B နာမည်ကြီးအဆိုတော် DEAN ဟာလည်း JYP Entertainment ရဲ့ ပယ်ချခြင်းကို ခံခဲ့ရဖူးတဲ့ နာမည်ကျော်တစ်ဦးဖြစ်ပါတယ်။
8) Xiumin (EXO)
JYP Entertainment ရဲ့ ပယ်ချခြင်းခံခဲ့ရဖူးတဲ့ နောက်ထပ် နာမည်ကျော်တစ်ဦးကတော့ Xiumin ဖြစ် ပါတယ်။ Xiumin ရဲ့ JYP ရဲ့ပယ်ချခြင်းခံခဲ့ရပြီးနောက် SM Entertainment ကိုရောက်ရှိပြီး ဒီနေ့မှာ ကမ္ဘာကျော် EXO အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်နေပါပြီ။
9) CL
CL ကတော့ ထူးထူးခြားခြား JYP Entertainment ရဲ့ ပယ်ချခြင်းကို ခံခဲ့ရတာမဟုတ်ဘူးလို့ ဆိုရမှာပါ။ ဘာလို့လည်းဆိုတော့ သူမဟာ 2AM အဖွဲ့ဝင်အချို့နဲ့ လေ့ကျင့်မှုတွေတောင်လုပ်ခဲ့ပါသေးတယ်။ ဒါ ပေမဲ့ CL က YG Entertainment ရဲ့ Audition ကိုသွားရောက်ဝင်ပြိုင်ခဲ့ပြီး 2NE1 အဖွဲ့ဝင်အဖြစ် Debut လုပ်နိုင်ခဲ့ပါတယ်။ CL ကို JYP က ပယ်ချတာမဟုတ်ဘဲ CL က JYP ကို ပယ်ချခဲ့တာလို့ ဆိုရ မှာပါ။
-m2t
Ref: Koreaboo